အောက်တိုဘာ ၂
စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ နံသာကုန်းရွာအထွက် ၅ ဖာလုံခန့်အကွာ တောင်ငူ – လိပ်သိုသွားကားလမ်းပေါ်တွင် လိပ်သိုဘက်သို့ ဦးတည်၍ လမ်းညာဘက်တွင် စိစစ်ဆဲ အကြမ်းဖက် သမားများက ဆိုင်ကယ်များကို မီးရှို့ပြီး အမျိုးသား ၃ ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်နေရာတွင် မီးလောင်ထားသည့် သုံးဘီးဆိုင်ကယ် ၁ စီး၊ ဆိုင်ကယ် ၂ စီးကို တွေ့ရှိရပြီး ထိုနေရာမှ ၃ ခန့်အကွာတွင် ကွမ်းပင်ရွာနေ ရဲလွင်ဦး၊ ၂၉နှစ်၊(ဘ)ဦးငြိမ်းနှင့် ဘိုဝင်း၊ ၃၀ နှစ်၊(ဘ)ဦးတင်ဝင်းတို့ ဒဏ်ရာရကာ သေဆုံးနေကြောင်းနှင့် ခွန်ရွှေကြိုင် ၂၀ နှစ်(ဘ)ဦးလှကြိုင်၊ တပြေးရွာနေသူသည် ဒဏ်ရာရကာ သတိမေ့နေကြောင်း သိရှိရပါသည်။
” အဲဒီ နေရာဘက်က စက်တင်ဘာလ ၂၉ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်အချိန်လောက်က သေနတ်သံတွေ ကြားလိုက်ရတယ် ” ဟု ကွမ်းပင်အုပ်ချုပ်ရေးမှူး ဦးစောမူးဒေ မှ ပြောပြလာပါသည်။
အခင်းဖြစ်နေရာကို လုံခြုံရေးအဖွဲ့များက သွား ရောက် ရှင်းလင်းနေကြောင်းနှင့် ၎င်းသေဆုံးသူများမှာ သစ်ခိုးထုတ်နေသူများဖြစ်ကြောင်း ကွမ်းပင်အုပ်ချုပ်ရေးမှူး ထံမှ သိရပါသည်။
#PAN