စက်တင်ဘာ ၃၀
မဲခေါင်-လန်ချန်း မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု အစီ အစဉ်အဖြစ် MLC သတင်းထောက်များအတွက် မြစ်ကြောင်းမျှဝေ အနာဂတ်မျှဝေခြင်းနှင့် သတင်းမီဒီယာအခန်းကဏ္ဍ မြှင့်တင်ခြင်းဆိုင်ရာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံ၊ သီဟာနပြည် နယ်ရှိ Sokha Beach Resort ၌ ကျင်းပသည်။
မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတွင်
ဒေသတွင်း ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် စဉ် ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖော်ဆောင်ရာတွင် အဖွဲ့ဝင်နိုင်ငံများ၏ သတင်းမီဒီယာသမားများအားလုံး၏ ကဏ္ဍသည် အလွန်အရေးကြီသည့်အတွက် ယခုကဲသို့ Shared River Shared future and the role of journalists အစီအစဉ်ကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ ပံ့ပိုးမှုဖြင့် ကမ္ဘောဒီးယားနိုင်ငံက ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
အခမ်းအနားတွင် ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီး မစ္စတာ Neth Pheaktra က မီဒီယာသည် အလွန်အရေးကြီးပြီး လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေး မှုနှင့် ဒေသတွင်း အခြေအနေမှန်များကို ဖော်ပြနိုင်ပါကြောင်း၊ ရှေးရိုးမီဒီယာများအပြင် ယခုနောက်ပိုင်း၌ အွန်လိုင်းမီဒီယာများ တွင်ကျယ်လာသည့်အတွက် သတင်းထောက်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြသည်။
ထို့နောက် ဖိတ်ကြားထားသည့်မီဒီယာများသည် ယင်းဒေသရှိ စက်မှုဇုန်သို့ မီဒီယာလေ့လာရေးအစီ အစဉ်အဖြစ် သွားရောက်ခဲ့ကြပြီး General Tires Technology ကုမ္ပဏီစက်ရုံ၌ အရည်အသွေး မြင့်မားသည့် တာယာအမျိုးမျိုးအား အဆင့်မြင့်နည်းပညာ အသုံးပြုထုတ်လုပ်ပုံအဆင့်ဆင့်ကို ကြည့်ရှုလေ့လာကြသည်။
မဲခေါင် – လန်ချန်းပူးပေါင်းဆောင်ရွက်မှုကို
၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံနေပြည် တော်၌ ကျင်းပခဲ့သည့် (၁၇)ကြိမ်မြောက် အာဆီယံ – တရုတ် ထိပ်သီးအစည်းအဝေး၌ ထိုင်းနိုင်ငံက မဲခေါင် ဒေသတွင်းနိုင်ငံများအကြား ဖွံ့ ဖြိုးတိုးတက်မှု ကွာဟ ချက်ကို လျှော့ချရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်မှုရရှိရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်လိုအပ် ကြောင်း ကနဦးဆွေးနွေးမှုအပေါ် တရုတ်နိုင်ငံက ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန် မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်သည့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ရပ်ထူထောင်ရန် အဆိုပြုခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ် ငန်းစဉ်ကို နိုင်ငံရေးနှင့်လုံခြုံရေးမဏ္ဍိုင်၊ စီးပွား ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးမဏ္ဍိုင်နှင့် လူမှု ရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန် အလှန် ထိတွေ့ ဆက်ဆံရေးမဏ္ဍိုင် စသည့်မဏ္ဍိုင်သုံးရပ်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
#PAN