ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၌ ငွေကျပ်သိန်း ၆၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေး ပြား လေးသိန်း သိမ်းဆည်းရမိ

စက်တင်ဘာ ၃၀

     ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ ငွေကျပ် သိန်း ၆၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား လေးသိန်းသိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှ သိရသည်။

        မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင် ဘာ ၂၄ ရက် ည ၈ နာရီခွဲတွင် ရန်ကုန် တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမှတ်(၃) လမ်းဆုံတွင် သတင်းအရ စောင့်ဆိုင်းနေစဉ်ကြိုတင်သတင်းရရှိထားသည့် CROWN ယာဉ်ရောက်ရှိလာပြီး အဆိုပါယာဉ်အနီးသို့ BMW ယာဉ်တစ်စီး ထပ်မံရောက်ရှိလာသဖြင့် ရှာဖွေစစ်ဆေးခဲ့ရာ မဝတ်မှုန် မောင်းနှင်သည့် CROWN ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၆၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေး ပြား လေးသိန်း ရှာဖွေတွေ့ရှိခဲ့ပြီး လွင်မိုးအောင် မောင်းနှင်သည့် BMW ယာဉ်ပေါ်မှ ပိုင်စိုး၊ ငြိမ်း ချမ်းကျော် (ခ) ကိုမင်းနှင့် မသူဇာဝင်းတို့ကို တွေ့ရှိရသဖြင့် စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းတို့ သည် သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမှတနင်္သာရီတိုင်းဒေသကြီး၊ မြိတ်သို့ သယ်ဆောင်ရောင်း ဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင် ဆက်စပ်ပါဝင်သူများ ပိုင်ဆိုင်သည့် ငွေကြေးအကျိုး အမြတ်နှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN