စက်တင်ဘာ၂၉
ကြေညာချက်အပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်ပါတယ်။
မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း
++++++++++++++++++++++++++++++++++
၁။ အလုံပင်မဓာတ်အားခွဲရုံရှိ ချို့ယွင်း 230/66/11 kV, 100MVA Transformer အား Switchyard နှင့် လွတ်ကင်းရာသို့ ပြောင်းရွှေ့ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် 230/66/11kV, 155MVA Transformer နှင့် 100MVA Transformer တို့အား (၃၀.၉.၂၀၂၃) ရက်နေ့၊ (၀၀:၀၀)နာရီမှ (၀၃:၀၀)နာရီ အချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်ရမည်ဖြစ်ပါသည်။
၂။ အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဒဂုံမြို့နယ်၊ လသာ မြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ လမ်းမတော်မြို့နယ်၊ ဗဟန်းမြို့နယ်၊ ကမာရွတ် မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ် နှင့် လှိုင်မြို့နယ်တို့၏ ရပ်ကွက်နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ် တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန်ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ် ဧရိယာလျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံ သို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း