ဖားကန့်မြိုနယ်၊ နန့်တိန်းကျေးရွာအနီးတွင် အများပြည်သူအသုံးပြုသွားလာနေသည့် လမ်းပေါ်၌ မိုင်းထောင်နေသော အကြမ်းဖက်သောင်းကျန်း သူ KIA+ PDF အဖွဲ့များကို တပ်မတော်စစ် ကြောင်းက တိုက် ခိုက်ချေမှုန်း

စက်တင်ဘာ ၂၉

       ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ်၊ နန့်တိန်းကျေးရွာအနီးတွင် အများပြည်သူအသုံးပြုသွားလာနေသည့် လမ်းပေါ်၌ ယမန်နေ့က အရပ် ဝတ်ဖြင့် မိုင်းထောင်နေသည့် အကြမ်းဖက် PDF များနှင့် ထိုသို့ မိုင်းထောင်နေချိန် ကင်းစောင့်ပေးနေသည့် အကြမ်းဖက်သောင်း ကျန်းသူ KIA+ PDF အဖွဲ့များကို တပ်မတော်စစ် ကြောင်းက Drone ဖြင့် ကင်းထောက်ပြီး ဝင်ရောက်တိုက် ခိုက်ချေမှုန်းခဲ့ကြောင်း သိရသည်။

       ထိုသို့ တပ်မတော်စစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ရာ သေနတ် ၅  လက်၊ ကျည်အိမ်  ၇ ခု၊ကျည် ၆၀ တောင့်၊ ဗုံးသီး ၆ လုံး၊ ၄၀ မမ ဗုံးသီး ၂ လုံး၊ ယူနီဖောင်း ၁စုံ၊ ကျောပိုးအိတ် ၁ လုံး၊စကားပြောစက် ၁ လုံး၊ အားသွင်းခုံ ၁ ခု တို့နှင့်အတူ အကြမ်းဖက် KIA+PDF  ၁၀ ဦးကို အသေဖမ်းဆီးရမိခဲ့ကြောင်းနှင့် တပ်မတော်စစ်ကြောင်းဖက်မှ ထိခိုက်သေဆုံးမှုမရှိကြောင်း သတင်းရပါသည်။

       ယခုရက်ပိုင်းအတွင်း တပ်မတော်စစ်ကြောင်းများ၊ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက  နယ်မြေရှင်းလင်းရေးများကို အရှိန်မြှင့်ဆောင်ရွက်လျှက်ရှိရာ အကြမ်း ဖက်သောင်းကျန်းသူ PDF များနှင့် ထိတွေ့တိုက်ပွဲများနေစဥ်ဖြစ်ပွားလျှက်ရှိကြောင်း၊ အကြမ်းဖက်အဖွဲ့များမှာလည်း ကစဥ်ကလျား ဆုတ်ခွာထွက်ပြေးကြရကာ ၎င်းတို့၏ လက်နက်၊ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို ဆက်တိုက်ဆိုသလို သိမ်းဆည်းရမိနေကြောင်း သိရပါသည်။

#PAN