အောက်တိုဘာလမှ နောက်နှစ် ဇန်နဝါရီလအတွင်း ‌အားကောင်းသော အယ်လ်နီညို အခြေ အနေရှိမည်

စက်တင်ဘာ ၂၉

       မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အယ်နီညိုအခြေအနေနှင့် ပတ်သက်ပြီး စက် တင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

       အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအသင့်အတင့်ရှိသော အယ်လ်နီညို အခြေ အနေမှာ ရှိနေသည်။ နိုင်ငံ တကာ မိုးလေဝသဌာန များ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း အားကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အယ်နီညိုအခြေအနေ တဖြည်း ဖြည်း ပြန်လည် လျော့ကျလာနိုင်ကြောင်း သိရပါ သည်။

       အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာ ၌ ဖြစ်ပေါ်သည့်​ ဖြစ်စဉ်ဖြစ်ပြီး အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်း ရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။

       ထို့ကြောင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြို တင်ပြင်ဆင်နိုင်ကြပါရန်နှင့် အယ်လ်နီညို ဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများကို အချိန်နှင့် တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမည်ဖြစ် ကြောင်း သိရပါသည်။

#PAN