ယခုလတွင် ထီရောင်းအား ကျပ်သန်း ၈၀၀ ကျော်တိုးလာကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်

စက်တင်ဘာ ၂၉

        ယခုစက်တင်ဘာလအတွက် အောင်ဘာလေထီရောင်းရငွေမှာ ကျပ်သန်း ၆,၀၀၀ ကျော်ရှိပြီး ယခင်လ ရောင်းရငွေထက် ကျပ်သန်း ၈၀၀ ကျော် တိုးလာကြောင်း သိရပါသည်။ စက်တင် ဘာလအတွက် အောင်ဘာလေထီ လက်မှတ် ရောင်းရငွေမှာ ကျပ်သန်း ၆,၁၃၆ သန်းကျော် ရှိခဲ့ပြီး ၎င်းအနက် ကျပ်သန်း ၄,၃၀၀ နီးပါးကို ထီဆုငွေအဖြစ် ခွဲဝေချီးမြှင့်သွားမည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက စက်တင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

         ပြီးခဲ့သည့် ဩဂုတ်လတွင် အောင်ဘာလေထီ ရောင်းရငွေမှာ ကျပ်သန်း ၅,၃၀၀ နီးပါးခန့်သာ ရှိခဲ့သည့်အတွက် ယခုလမှာ ကျပ်သန်း ၈၀၀ ကျော်ထိ ရောင်းအားတိုးလာခြင်း ဖြစ်ပါသည်။ လာမည့် အောက်တိုဘာလ ၁ ရက်တွင် ပြုလုပ်မည့် အောင်ဘာ လေထီဖွင့်ပွဲ၌ ကျပ်သိန်းငါးထောင် ၁ ဆု၊ ကျပ်သိန်း နှစ်ထောင် ၁ ဆု နှင့် ကျပ်သိန်းတစ်ထောင် ၁ ဆုကို ချီးမြှင့်သွားမှာဖြစ်ပြီး အခြားဆုမဲများကို အရေ အတွက်ပြောင်းလဲပြီး တိုးမြှင့်ချီးမြှင့်ပေးသွားမည်ဟု ကြေညာထားပါသည်။

#PAN