ချောင်းဦးမြို့နယ်၊ မကျီးဘုတ်ကျေးရွာရှိ ထမင်း ဆိုင်အတွင်းမှ အကြမ်းဖက် PDF များ သိုဝှက်ထားသော Drone ၊ ဒရုန်းဗုံးသီးနှင့် မိုင်းများ သိမ်းဆည်းရရှိ

စက်တင်ဘာ ၂၉

      စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ မကျီးဘုတ်ကျေးရွာအတွင်းတွင် အကြမ်းဖက် သမား PDF များက  Drone ၊ ဒရုန်းဗုံးသီးနှင့် မိုင်းများ သိမ်းဆည်းထားကြောင်း ဖော်ထုတ်ရရှိသော သတင်းများအရ ချောင်းဦးမြို့နယ်အတွင်း နယ် မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များက ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် သွားရောက်ရှင်းလင်းရှာဖွေခဲ့သည်။

       ထိုသို့ ရှင်းလင်းရှာဖွေရာ မကျီးဘုတ်ကျေး ရွာရှိ ” ကျော်ဟိန်း ” ထမင်းဆိုင်အတွင်းမှ သိုဝှက်ထားသော Drone ၁ စီး၊ ဒရုန်းဗုံးသီး ၅ လုံး၊မိုင်းမျိုးစုံ ၇ လုံးတို့ကို သိမ်းဆည်းရမိကြောင်း သတင်းရရှိပါသည်။

       ယခုရက်ပိုင်းအတွင်း အေးချမ်းစွာနေလိုသော တာဝန်သိပြည်သူများ၏ လျှို့ဝှက်သတင်း ပေးပို့မှုများနှင့်အတူ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း နယ်မြေရှင်းလင်းရေးများကို အရှိန်မြှင့်ဆောင်ရွက်လျှက်ရှိရာ အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲများနေစဥ်ဖြစ်ပွားလျှက်ရှိကြောင်း၊ အကြမ်းဖက်အဖွဲ့များမှာလည်း ကစဥ်ကလျား ဆုတ်ခွာထွက်ပြေးကြရကာ ၎င်းတို့၏ လက်နက်၊ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို ဆက်တိုက်ဆိုသလို သိမ်းဆည်းရမိနေကြောင်း သိရပါသည်။

#PAN