ချောင်းဦးမြို့နယ်၊ မန်ကျီးခွကျေးရွာအနီး အကြမ်းဖက် PDF များ၏ စခန်း တစ်ခုကို ထပ်မံရှင်းလင်ရာ လက်နက်၊ ခဲယမ်းများ၊ Drone များနှင့် ဆက်စပ်ပစ္စည်းများ၊၆ ဘီးယာဉ်နှင့် ဆိုင်ကယ်များ သိမ်းဆည်းရမိ

စက်တင်ဘာ ၂၉

     စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ မန်ကျီးခွကျေးရွာအနီး အကြမ်းဖက် PDF များ စခန်းချအခြေပြုနေကြောင်း သတင်းအရ နယ် မြေလုံခြုံရေးအဖွဲ့များက စက်တင်ဘာ ၂၆ ရက်နေ့က သွားရောက်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ လက် နက်ခဲယမ်းနှင့် အကြမ်းဖက်ပစ္စည်းများနှင့်အတူ အကြမ်းဖက်သမား PDF  ၅ ဦး ကို အသေဖမ်း ဆီးရမိခဲ့ပြီး အကြမ်းဖက် PDF များ ကစဥ်ကလျား ကိုယ်လွတ်ရုန်း ထွက်ပြေးသွားခဲ့ကြရသည်။

       အဆိုပါ ဖြစ်စဥ်ဖြစ်ပွားပြီးနောက် နယ်မြေလုံခြုံရေးတပ်ဖွဲ့များက မန်ကျီးခွကျေးရွာအနီး အသေးစိတ်ရှင်းလင်းခဲ့ရာ စက်တင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် အကြမ်း ဖက် PDF များ အခြေပြုခဲ့သည့် အကြမ်းဖက်စခန်းကို တွေ့ရှိခဲ့သည်။ အဆိုပါ စခန်းအတွင်းရှိ လူနေတဲ ၁၂ လုံး၊ ခဲယမ်း တိုက် ၁ လုံးတို့ကို ရှင်းလင်းရာ လက်လုပ်သေနတ် ၂၅ လက်၊ ၁၀၇ မမ ဒုံးသီး ၃ လုံး၊ အမ်-၂၂ ကျည် ၂၆၀ တောင့်၊ကာဘိုင်ကျည် ၃၅၀ တောင့်၊ ၇.၆၂ ကျည် ၂၈၂ တောင့်၊ တရုတ်လက်ပစ်ဗုံး ၁၀ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၁၁ လုံး၊ အမ်-၂၂ကျည်အိမ် ၄ ခု၊ တိုက်မိုင်း ၂ လုံး၊ ၄၀ မမဗုံးသီး ၁၇ လုံး၊ လက် လုပ်မိုင်း ၈၃ လုံး၊ ယမ်းကြိုး ၃ ခွေ၊ ယမ်းမှုန့် (၅ပိဿာ) ၁ ထုပ်၊ ဒီတိုနေတာ ၁၅၄၀ ခု၊ ၁၀၇ မမ ဒုံးပစ်စင် ၁ ခု၊ ကျည်ကာအင်္ကျီ(အနက်) ၉၀ ထည်၊ အီကွေ့မန့် ၁၀ စုံ၊ Hobby Wing ဒရုန်း(အကြီး) ၂ စီး၊ Phantom Drone ဒရုန်း ၃ စီး၊ လက်လုပ် Drone ၁ စီး၊ ဘက်က္ထရီ Charger ၁၀ ခု၊ Drone ဘက္ထရီ ၉ ခု၊ FM Drone (Remove Control)RC ၁ ခု၊ Xeza Drone Body(ဆေးဖြန်း Drone) ၂ ခု၊ Drone Controller ၁၀ ခု၊ ဆိုင်ကယ်မျိုးစုံ ၁၄ စီး၊ ၆ ဘီးယာဉ် ၁ စီး၊ ကီးပက်ဖုန်း ၈ လုံး၊ လက်လုပ် Drone ၁ ခု၊ တွင်ခုံ ၂ ခု၊ မီးအားမြှင့်စက် ၁ လုံး၊ပလပ်စတစ်ထိုင်ခုံ ၃၆ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်း ရရှိပါသည်။