မြိုင်မြို့နယ်၊ ဆိုင်ဂေါင်း ကျေး ရွာအနီး နယ်မြေလုံခြုံရေးအဖွဲ့များက နယ်မြေရှင်းလင်းစဥ် အကြမ်းဖက်သမား PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွား၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

စက်တင်ဘာ ၂၈

      ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် မကွေး တိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဆိုင်ဂေါင်း ကျေး ရွာအနီး နယ်မြေလုံခြုံရေးအဖွဲ့များသည် နယ်မြေရှင်းရေးလင်းဆောင်ရွက်စဥ် အကြမ်းဖက်သမား PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက်သမား PDF များ သည် ကိုယ်လွတ်ရုန်းထွက်ပြေးသွားကြရပြီး ၎င်းတိ့ထံမှ လက်လုပ်စိန်ပြောင်း ၅ လက်၊ လက် လုပ်ဗုံးသီး ၁ လုံး၊ လက်လုပ်မိုင်း ၉ လုံး၊ အိုင်ကွန်အထိုင်စက် ၁ လုံး၊ ဝါယာကြိုး ၁ ခွေ၊ သံတိုသံစ ၁၅ ပိဿာခန့် ၃ အိတ်၊ စပရိန် ၁၅ ချောင်း တို့အား သိမ်းဆည်းရမိကြောင်း သတင်းရရှိပါသည်။

       ယခုရက်ပိုင်းအတွင်း နယ်မြေလုံခြုံရေးတပ် ဖွဲ့ဝင်များသည် နယ်မြေရှင်းလင်းရေးများကို အရှိန်မြှင့်ဆောင်ရွက်လျှက်ရှိရာ အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲများနေစဥ်ဖြစ်ပွားလျှက်ရှိပြီး အကြမ်းဖက်အဖွဲ့များမှာ ကစဥ်ကလျား ဆုတ်ခွာထွက်ပြေးကြရကာ ၎င်းတို့၏ လက်နက်၊ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို ဆက်တိုက်ဆိုသလို သိမ်းဆည်းရမိနေကြောင်း သိရပါသည်။

#PAN