ဆန်တင်ပို့မှု ၂၃ နိုင်ငံအနက် ဖိလစ်ပိုင်နိုင်ငံသို့ အများဆုံးတင်ပို့

စက်တင်ဘာ ၂၈

      မြန်မာ့ဆန်များကို ဖိလစ်ပိုင်၊ စပိန်၊ တရုတ်၊ ပိုလန်နှင့် ဘယ်လ်ဂျီယံအပါအဝင်နိုင်ငံပေါင်း ၂၃ နိုင်ငံကိုတင်ပို့ခဲ့ရာ၌  ဖိလစ်ပိုင်နိုင်ငံကို တင်ပို့မှုမှာ အများဆုံးဖြစ်ခဲ့သည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ သိရပါသည်။  ထို့အပြင် တရုတ်နိုင်ငံကို ဆန်ကွဲအများဆုံးတင်ပို့နိုင်ခဲ့ပြီး ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘယ်လ်ဂျီယံနှင့် နယ်သာလန် အပါအဝင် နိုင်ငံ ၁၀ နိုင်ငံကို တင်ပို့ခဲ့သည်ဟုလည်း ဆိုပါသည်။ 

       မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF က  ဩဂုတ်လအတွင်း ပြည်ပကို ဆန်နှင့် ဆန်ကွဲတန်ချိန် ၅၉,၉၇၁ တန် တင်ပို့နိုင်ခဲ့ကြောင်း၊ ယင်းဆန်နှင့် ဆန် ကွဲများကို  ပင်လယ်ရေကြောင်းမှ အများဆုံးတင်ပို့ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးမှပါ တင်ပို့နေခြင်းဖြစ် ကြောင်း၊ ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၈ သန်းခန့် ရရှိခဲ့ကြောင်း သိရပါသည်။

#PAN