မြင်းခြံမြို့နယ်၊သိမ်တိုင်ကျေးရွာနေ သုံးဘီးမောင်းသူ NLD ပါတီဝန်းရံအားပေးသူတစ်ဦးအား အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်


စက်တင်ဘာ ၂၇

      ယနေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် မြင်းခြံမြိုနယ်၊သိမ်တိုင် ကျေးရွာနေ ဦးကျော်သက်ဦး၊ ၅၁နှစ်၊ (ဘ)ဦးကျော်ဝင်း၊သုံးဘီးဆိုင်ကယ်မောင်းသူသည် ၄င်းပိုင်ဆိုင်သည့် ၉ဟ/**** နံပါတ်ပါ လိမ္မော်ရောင် သုံးဘီးယာဉ်ဖြင့် သိမ်တိုင်ကျေးရွာမှ မြင်းခြံမြို့ ပေါ်သို့ ဈေးဝယ်ရန်လာရောက်သော ဒေါ်အေးခိုင်၊၄၂နှစ်၊ (ဘ)ဦးနှော၊တောင်သူ၊သိမ်တိုင်ကျေးရွာ၊ မြင်းခြံမြို့နယ်နေသူ၊ဒေါ်ယုမွန်၊ ၂၆နှစ်၊(ဘ)ဦးစိုးပိုင်၊တောင်သူ၊ သိမ်တိုင်ကျေးရွာ၊မြင်းခြံမြို့နယ်နေသူ၊ ဒေါ်အေးအေးနု၊၄၀နှစ်၊(ဘ)ဦးတင်လှ၊တောင်သူ၊သိမ်တိုင်ကျေးရွာ၊မြင်းခြံမြို့နယ်နေသူ၊ ဒေါ်နန္ဒာအောင်၊၂၉နှစ်၊(ဘ)ဦးမူတူး၊တောင်သူ၊ သိမ်တိုင်ကျေးရွာ၊ မြင်းခြံမြို့နယ်နေသူ၊ဒေါ်စန္ဒာဝင်း၊ ၄၀နှစ်၊(ဘ)ဦးခင်ဝင်း၊တောင်သူ၊ သိမ်တိုင်ကျေးရွာ၊မြင်းခြံမြို့နယ်နေသူတို့ ၅ ဦးအား တင်ဆောင်ကာ သိမ်တိုင်ကျေးရွာမှ မြင်းခြံမြို့ပေါ်သို့ ထွက်လာစဉ် နံနက် ၈ နာရီ ၂၀ မိနစ်အချိန်ခန့်၌ တောပုကျေးရွာနှင့်တလုတ်မြို့ကျေးရွာကြား လမ်းမပေါ်အရောက်တွင် ၄င်းတို့ နောက်မှ အကြမ်းဖက်အဖွဲ့ဝင် ၄ ဦးသည် ဆိုင်ကယ် ၂စီးဖြင့် မျက်နှာတွင် ပုဆိုးများ အုပ်လျှက် နောက်မှလိုက်ပါလာပြီး သုံးဘီးယာဉ်အား ရပ်တန့်ခိုင်းကာ သုံးဘီးပေါ်တွင်ပါလာသော ခရီးသည်အမျိုးသမီး ၅ ဦးအား အောက်သို့ဆင်းခိုင်း၍ မျက်စိမှိတ်ထားရန်ပြောဆိုခဲ့ပြီး သုံးဘီး မောင်းနှင်သူ ဦးကျော်သက်ဦးအား သုံးဘီးပေါ်မှဆွဲချကာ သေနတ်ဖြင့် ၁ချက် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး တလုတ်မြို့ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
    အခင်းဖြစ်ပွားရာသို့  သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ  ရောက်ရှိစစ်ဆောပုကျေးရွာနှင့်တလုတ်မြို့ကျေးရွာကြား လမ်းမပေါ်၌ ဦးကျော်သက်ဦးအား  ဝဲ-လည်ပင်းဖောက်ဝင်ပြီး ယာ-ဂျိုစောင်း ဖောက်ထွက်ဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရပြီး အခင်းဖြစ်နေရာအနီးမှ M-22 ကျည်ခွံ ၁ခု သိမ်းဆည်းရမိခဲ့ကြောင်း၊သေဆုံးသူ ဉီးကျော်သက်ဉီးသည် NLD အမာခံတစ်ဦးဖြစ်ပြီး ရွေးကောက်ပွဲကာလတွင်လည်း NLD အောင်နိုင်ရေးအတွက် များစွာအထောက်အပံ့ပေးခဲ့သူဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN