လားရှိုးက Denko ဆီဆိုင်မှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး ၂ ဦးသေဆုံး၊ ဆီလာဖြည့် တဲ့ကားတချို့မီးလောင်

စက်တင်ဘာ ၂၇

လားရှိုးမြို့ပြင်မှာရှိတဲ့ Denko ဆီဆိုင်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကာ ဆီလာဖြည့်တဲ့ ကားတွေလည်း မီးလောင်ခဲ့တယ် လို့ ကနဦး သိရှိရပါတယ်။

လားရှိုးမြို့အထွက် ခိုဆန်တန် ကျေးရွာအနီးမှာတည်ရှိတဲ့ DENKO စက်သုံး ဆီ အရောင်းဆိုင်မှာ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၅အချိန်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

ပေါက်ကွဲမှုကြောင့် အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၄ လည်းထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။