စက်တင်ဘာ ၂၇
ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် စစ် ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာအနီး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေ ရှင်း လင်းရေးဆောင်ရွက်ရာ အကြမ်းဖက်သမား PDF များနှင့် တွေ့ဆုံတိုက်ပွဲ ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက် PDF များ ကစဥ်ကလျားဖြင့် ကိုယ်လွတ်ရုန်း ဆုတ်ခွာထွက်ပြေးကြရပြီး ၎င်းတို့ထံမှ AK 47 သေနတ် ၂ လက် ၊AK ကျည်အိမ် ၄ ခု၊ AK ကျည် ၁၀၀ တောင့်၊ လမ်းလျှောက်စကားပြောစက် ၁ လုံးတို့နှင့်အတူ အကြမ်းဖက်သမား PDF ၃ ဦးကို အသေဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။
အလားတူ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ကသာမြို့နယ်၊ လယ်မီးကျေးရွာအနီးတွင် အကြမ်းဖက်သောင်းကျန်းသူ KIA/PDF များ အခြေပြုခိုအောင်းနေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့လာမှုကြောင့် နယ်မြေလုံခြုံရေးအဖွဲ့က အငိုက်ဖမ်း ရှင်းလင်းတိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက်သောင်းကျန်းသူများ သည် တစ်ကွဲတစ်ပြားစီ ကိုယ်လွတ်ရုန်း ထွက် ပြေးသွားကြရပြီး ၎င်းတို့နေရာတွင် လူနေတဲ ၅ လုံး၊ ကင်းတဲ ၂ လုံးတို့ကိုတွေ့ရှိရကြောင်း၊ ၎င်း တို့ထံမှ အမ်-၂၂ ကျည်အိမ် ၅ ခု၊ အမ်-၂၂ကျည် ၁၁၅ တောင့်၊ အီကွေ့မင့် ၁စုံ၊ ကျောပိုးအိတ် ၁ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၁ လုံးတို့နှင့်အတူ KIA/PDF အကြမ်းဖက်သမား ၁ ဦးကို အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဒေသခံပြည်သူများသည် ယခင်အေးချမ်းစဥ်ကာလအတိုင်း နေထိုင်လုပ်ကိုင်စားသောက်လိုကြပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ အစွန်း ရောက်အကြမ်းဖက်ဝါဒကို အချိန်ကြာလာသည်နှင့်အမျှ ထောက်ခံအားပေးခြင်းမရှိတော့ဘဲ ၎င်းတို့၏ သတင်းများကို နီးစပ်ရာလုံခြုံရေးအဖွဲ့၊ နယ်မြေခံတပ်မတော် တပ်ရင်း/တပ်ဖွဲ့များသို့ ယခုလို လျှို့ဝှက် သတင်း ပေးပို့ခြင်းဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်လာကြကြောင်း သိရပါသည်။
(Internet လိုင်း အခက်အခဲကြောင့် ဓာတ်ပုံများကို ဖော်ပြနိုင်ခြင်းမရှိကြောင်း အသိပေးအပ်ပါသည်။)
#PAN