ကျိုင်းတုံမှ မိုင်းခတ်သို့မောင်းနှင်လာသော ကားအတွင်းမှ အကြမ်းဖက်သမား ၃ ဦးနှင့်အတူ လက်နက်နှင့် စိတ်​ကြွ​ဆေး​ပြားများ ဖမ်းဆီးရမိ


စက်တင်ဘာ၂၇

စက်တင်ဘာ၂၆ရက်နေ့က ရှမ်း​​ပြည်နယ် အ​ရှေ့ပိုင်း၊ကျိုင်းတုံမြို့နယ် ၊ကျိုင်းတုံမှ မိုင်းခတ်သို့မောင်းနှင်လာသော ကားအား လုံခြုံရေးပူးပေါင်းအဖွဲ့မှ စစ်ဆေးခဲ့ရာ လိုင်စင်မဲ့ကားဖြစ်နေပြီး ကားအတွင်းမှ အကြမ်းဖက်သမား ၃ ဦးနှင့်အတူလက်နက်၊ စိတ်​ကြွ​ဆေး​ပြားများ ဖမ်းဆီးရမိသည်။

အဆိုပါ လိုင်စင်မဲ့ကားအတွင်းမှ တူရကီနိုင်ငံထုတ်ပစ္စတို   ၁၀လက်၊ချက်စ်နိုင်ငံထုတ် ပစ္စတို  ၁လက်၊အမေရိကန်နိုင်ငံထုတ် ခြောက်လုံးပြူး  ၁လက်၊အမေရိကန်နိုင်ငံထုတ် ပစ္စတို ၁ လက်၊ကျည်မျိုးစုံ- ၅၅၀တောင့်၊စိတ်ကြွဆေးပြား- ၄၀၀၀ပြား၊ဖုန်း- ၃လုံးတို့အား သိမ်းဆီးရမိကြောင်း သိရသည်။