ကော့ကရိတ် – မြဝတီ အာရှလမ်း၊ KM 152 အနီးတွင် ၂၂ ဘီးယာဉ် ၁ စီးတိမ်းမှောက်

စက်တင်ဘာ ၂၇

       ကရင်ပြည်နယ်၊ ကော့ကရိတ် – မြဝတီ အာရှလမ်း၊ KM 152 အနီးတွင် ယနေ့ နံနက် ၈ နာရီ ၅၀ မိနစ်ချိန်ခန့်တွင် ၂၂ ဘီးယာဉ် ၁ စီးတိမ်းမှောက်ခဲ့ကြောင်း ယာဥ်တိမ်းမှောက်မှုကြောင့်  လမ်းပိတ်ဆို့မှု မရှိကြောင်းနှင့် လူသေဆုံးမှုမရှိဘဲ ဒါဏ်ရာရမှုသာရှိကြောင်း သိရပါသည်။

      မြဝတီမြို့ မှ ကော့ကရိတ်ဖက်သို့ မောင်းနှင်လာသော ယာဥ်အမှတ် YGN /1TLR – 8636 ၂၂ ဘီးယာဉ်သည် မှန်များတင်ဆောင်လာပြီး KM 154 နှင့် 155 ကြား လမ်းအကွေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ညာဖက်သို့ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

      အဆိုပါယာဥ်ပေါ်တွင် စိစစ်ဆဲ ယာဥ်မောင်းနှင့် ယာဥ်အကူ နှစ် ဦးတည်းသာပါဝင်ပြီး တင် ဆောင်လာသော မှန်များအားလုံး ကွဲကြေပျက်စီးသွားကြောင်း၊ မှန်ကွဲစများအား ရှင်းလင်း နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN