မြင်းခြံမြို့နယ်၊ကန်နီကျေးရွာ ပြည်ခိုင်ဖြိုးပါတီ၊မြို့နယ်ကော်မတီဝင် တစ်ဦးကို အကြမ်းဖက် သမား PDF များက အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

စက်တင်ဘာ ၂၆

     မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ကန်နီကျေးရွာတောင်ပိုင်း နေသူ ဦးဇော်ဇော်ခိုင်(ခ)ဦးမာတောက်၊၄၆နှစ်၊(ဘ)ဦးစိန်ဝင်းကို အကြမ်း ဖက်သမား PDF များက ယနေ့ နံနက် ၆ နာရီအချိန်ခန့်တွင် ၎င်းနေအိမ်တွင် လာရောက်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရပါသည်။

         ဖြစ်စဥ်မှာ ဦးဇော်ဇော်ခိုင်(ခ)ဦးမာတောက်သည် ၎င်း၏နေအိမ်၌ ဇနီးဖြစ်သူ ဒေါ်မြတ်မြတ်စို့၊၄၁နှစ်၊(ဘ)ဦးအောင်လွင်နှင့်အတူရှိနေစဥ် အမည်မသိ၊အကြမ်းဖက်သမား PDF ၅ဦးက သေနတ် အတို၊အရှည်များ ကိုင်ဆောင်ကာ ဆိုင်ကယ် ၂ စီးဖြင့်ရောက်ရှိလာပြီး ဇနီးဖြစ်သူ ဒေါ်မြတ်မြတ်စိုးအား ရန်ပြုခြင်းမရှိဘဲ ဦးဇော်ဇော်ခိုင်(ခ)ဦးမာတောက်ကို ” မာတောက်ဆိုတာ မင်းလားကွ ” ဟု ပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်ပြီး နေအိမ်ဝိုင်းအတွင်းမှ အရှေ့ဘက်လမ်းအတိုင်း နဘူးအိုင်ကျေးရွာဘက်သို့ မောင်းနှင်ထွက် ပြေးသွားကြောင်း သိရသည်။

       ထိုသို့ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဦးဇော်ဇော်ခိုင်(ခ)ဦးမာတောက် တွင် ယာ-နံဘေး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဝဲ-နား ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

         ဦးဇော်ဇော်ခိုင်(ခ)ဦးမာတောက် သည် မြင်းခြံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊မြို့နယ်ကော်မတီဝင် တစ်ဦးဖြစ်ကြောင်း သိရသည်။ NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည်  စစ်အာဏာရှင်တော် လှန်ရေး၊ဒီမိုကရေးစီရရှိရေး အမည်ခံထားသော်လည်း ”ငါနဲ့မတူ ငါ့ရန်သူ” ဟူသော အကြမ်းဖက်ဝါဒဖြင့် လက်နက်မဲ့ ပြည်ခိုင်ဖြိုးပါတီဝင်များကို ပစ်မှတ်ထားလိုက်လံ သတ် ဖြတ်နေကြောင်း သိရပါသည်။

#PAN