စက်တင်ဘာ ၂၆
ယနေ့ အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည် ဒိုင်တွေမှ ရရှိသည့် ကုန်ဈေးနှုန်းများအရ မတ်ပဲဈေး အနည်းငယ် ကျဆင်းနေပြီး ပဲစင်းငုံနီနှင့် ပြောင်းဆန်ဈေးများမှာ ဈေးငြိမ်နေပါသည်။ ကြက်သွန်နီဈေး အနည်းငယ် တက်လာပြီး ကြက် သွန်ဖြူ၊ ထန်းလျက်နဲ့ သကြားဈေးများမှာ ဈေးငြိမ်နေပြီး အာလူးဈေးမှာ အနည်းငယ်ကျဆင်းလာပါသည်။ မတ်ပဲ (FAQ/RC) တစ်တင်းကို ၈၁,၆၄၃ ကျပ်၊ မတ်ပဲ (SQ/RC) တစ်တင်းကို ၉၁,၂၈၆ ကျပ်၊ မတ်ပဲ (Raw) တစ်တင်းကို ၄,၁၈၀ ကျပ်မှ ၄,၂၃၅ ကျပ်အထိ၊ ပဲစင်းငုံနီ တစ်တင်းကို ၁၃၀,၂၂၅ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၂,၇၅၀ ကျပ်မှ ၃,၆၃၀ ကျပ်ထိ၊ ကုလားပဲဖြူလုံးအသေး တစ်ပိဿာကို ၄,၅၀၀ ကျပ်မှ ၄,၅၈၅ ကျပ်ထိ၊ ကုလားပဲဖြူလုံးအကြီး တစ်ပိဿာကို ၄,၆၆၅ ကျပ်မှ ၄,၇၂၀ ကျပ်ထိ၊ ပြောင်းဆန် တစ်ပိဿာကို ၁,၁၃၀ ကျပ်မှ ၁,၁၅၀ ကျပ်ထိ၊ ပဲပုပ်မြစ်ဝ (ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၃,၄၁၅ ကျပ်မှ ၃,၅၈၅ ကျပ်ထိ၊ ကြက်သွန်နီ တစ်ပိဿာကို ၂,၅၀၀ ကျပ်မှ ၂,၉၅၀ ကျပ်၊ ကြက် သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၇,၃၀၀ ကျပ်မှ ၈,၆၀၀ ကျပ်ထိ၊ ထန်းလျက် တစ်ပိဿာကို ၃,၆၅၀ ကျပ်မှ ၄,၂၀၀ ကျပ်ထိ၊ သကြား တစ်ပိဿာကို ၃,၆၂၀ ကျပ်မှ ၂,၆၃၀ ကျပ်ထိ၊ အာ လူး တစ်ပိဿာကို ၁,၉၀၀ ကျပ် ဖြစ်ပေါ်နေပါသည်။
နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆.၃၀ ကျပ်နှင့် စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၄၁.၈၁ ကျပ် ဈေးဖြစ်ပါသည်။
စက်သုံးဆီဈေးနှုန်းများမှာ Octane 92 တစ်လီတာကို ရန်ကုန်တွင် ၂,၂၅၅ ကျပ်၊ မန္တလေးတွင် ၂,၃၀၅ ကျပ်၊ နေပြည်တော်တွင် ၂,၃၀၀ ကျပ်၊ Octane 95 တစ်လီတာကို ရန်ကုန်တွင် ၂,၃၆၅ ကျပ်၊ မန္တလေးတွင် ၂,၄၁၅ ကျပ်၊ နေ ပြည်တော်တွင် ၂,၄၁၀ ကျပ်၊ ဒီဇယ် တစ်လီတာကို ရန်ကုန်တွင် ၂,၅၇၅ ကျပ်၊ မန္တလေးတွင် ၂,၆၂၀ ကျပ်၊ နေပြည်တော်တွင် ၂,၆၁၅ ကျပ်၊Premium ဒီဇယ် တစ်လီတာကို ရန်ကုန်တွင် ၂,၆၅၀ ကျပ်၊ မန္တလေးတွင် ၂,၇၀၀ ကျပ်၊ နေ ပြည်တော်တွင် ၂,၆၉၅ ကျပ် ဈေးရှိနေပါသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း(YGEA)၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်း မှာ ကျပ်သိန်း (၂,၂၅၃,၇၀၀ိ/-) နှစ်ဆယ့် နှစ်သိန်း ငါးသောင်း သုံးထောင့် ခုနစ်ရာ ရှိနေသည်ဟု သိရပါသည်။
#PAN