ထိုင်းနိုင်ငံ၏ အတိုက်အခံ Move Forward ပါတီက ခေါင်းဆောင်သစ် ရွေးချယ်

စက်တင်ဘာ ၂၆

         ထိုင်းနိုင်ငံ၏ အတိုက်အခံပါတီဖြစ်သည့် Move Forward ပါတီ (MFP)သည် ဝါရင့်နိုင်ငံရေးသမား တစ်ဦးဖြစ်သည့် ချိုင်သာဝပ် တူလာသွန်းကို ပါတီခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့သည်။

        MFP ပါတီခေါင်းဆောင် ပီတာလင်ဂျာရွန်အမ်ရတ်သည် မေလက ပြုလုပ်ခဲ့သည့် ရွေး ကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း ဝန်ကြီးချုပ်အဖြစ် ရွေးကောက်မခံရသဖြင့် ပါတီခေါင်း ဆောင်အဖြစ်မှ နုတ်ထွက်ခဲ့ပြီးနောက် MFP သည် ခေါင်းဆောင်သစ်တစ်ဦးကို စက်တင်ဘာ လ ၂၃ ရက်တွင် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

       နိုင်ငံရေးမဂ္ဂဇင်း အယ်ဒီတာဟောင်းတစ်ဦးဖြစ်သည့် ချိုင်သာဝပ်သည် MFP ပါတီကို ယခုချိန်မှစပြီး ဦးဆောင် သွားတော့မည်ဟု MFP ပါတီက ထုတ်ပြန်ခဲ့သည်။ ယခင် MFP ပါတီခေါင်းဆောင်ဖြစ်သည့် ပီတာ သည် တရားရေးဆိုင်ရာ အမှုအခင်းများကြောင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဆိုင်းငံ့ခံခဲ့ရကာ ပါတီခေါင်းဆောင်ရာထူးနေရာမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

#PAN