အာဆင်နယ်အသင်း၏ လစာအများဆုံးကစားသမားဖြစ်လာတဲ့ အော်ဒီဂွါ

Photo: Arsenal

စက်တင်ဘာ ၂၆
အာဆင်နယ်အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုလိုက်သည့် အသင်းခေါင်းဆောင် အော်ဒီဂွါ(၂၄ နှစ်)က အသင်း၏လစာအများဆုံးကစားသမား ဖြစ်လာခဲ့ကြောင်း သိရပါတယ်။
နော်ဝေကွင်းလယ်ကစားသမား အော်ဒီဂွါသည် မူလက အာဆင်နယ်အသင်းတွင် တစ်ပတ်ပေါင်(၁၂၀၀၀၀)ဝန်းကျင်သာရရှိနေခဲ့ပြီး စာချုပ်သစ်အရ တစ်ပတ်ပေါင်(၂၈၀၀၀၀)ကျော်အထိ ရရှိမည်ဟု သိရပါတယ်။
အော်ဒီဂွါအနေဖြင့် အသင်း၏လစာအများဆုံးကစားသမားအဖြစ် ရပ်တည်နေသော ဟာဗက်ဇ်၏ လစာနှုန်းထားထက် သာလွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။