ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ကိုယ်စားလှယ်အဖွဲ့ (၁၆)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ပြီး ပြန်လည်ရောက်ရှိ

စက်တင်ဘာ ၂၅

     ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးမောင်မောင်အုန်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ကျင်းပခဲ့သည့် (16 Conference of ASEAN Ministers Responsible for Information – AMRI )နှင့် (20– ASEAN Senior Officials Meeting Responsible for Information- SOMRI) နှင့် ဆက်စပ်အစည်းအဝေးဖြစ်သည့် (AMRI+3) အစည်းအဝေးများသို့တက်ရောက် ခဲ့ကြ ပြီး စက်တင်ဘာ ၂၄ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
                အတည်ပြုထုတ်ပြန်နိုင်ခဲ့

         (၁၆)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ (16 AMRI )တွင် AMRI ၏ ASEAN 2030 မှ Vision Statement၊ Da Nang Declaration (ဒါနန်းကြေညာချက်)၊ သတင်းတု၊ သတင်းမှားတိုက်ဖျက်ရေးဆိုင်ရာလမ်းညွှန်ချက် (TBC)၊ သတင်းတုများဆိုင်ရာ အာဆီယံလုပ်ငန်းအဖွဲ့ (TFFN)၏ လုပ်ငန်းအစီအစဉ်များ၊ အာဆီယံ – တရုတ် သတင်းအချက်အလက်နှင့် မီဒီယာများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး လုပ်ငန်းစီမံချက် ၂၀၁၈-၂၀၂၄ သက်တမ်းတိုး ခြင်း၊ အာဆီယံ + ၃ သတင်းအချက်အလက်နှင့် မီဒီယာများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးလုပ်ငန်းစီမံချက်၂၀၁၈-၂၀၂၃ သက် တမ်းတိုးခြင်း အပါအဝင် ပူးတွဲထုတ်ပြန်ချက်များနှင့် သဘောထားများကို အတည်ပြုထုတ်ပြန်နိုင်ခဲ့ကြောင်း သိရသည်။

        မြန်မာနိုင်ငံသည် အာဆီယံ-တရုတ် သတင်း
အချက်အလက်နှင့် မီဒီယာများမှတစ်ဆင့် ပူး ပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများကိုယ်စား ညှိနှိုင်းရေးမှူးတာဝန် (Country Coordinator)ကို တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

သီးခြားစီတွေ့ဆုံ

        ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးဌာန ဝန်ကြီး Deputy Head of the Publicity Department of the CPC Central Committee Go H.E. Mr. SUN YELI ဦး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် လည်း ကောင်း၊ ဗီယက်နမ်နိုင်ငံ ပြန်ကြားရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး H.E.Nguyen
Manh Hung ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် လည်းကောင်း သီးခြားစီတွေ့ဆုံခဲ့ပြီး မီဒီယာနှင့် ပြန်ကြားရေးဆိုင်ရာကဏ္ဍများတွင် ပူးပေါင်း
ဆောင်ရွက်မှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

         ထို့ပြင် ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်
ဦးမျိုးမြင့်မောင်နှင့် အဖွဲ့သည် (၁၆)ကြိမ်မြောက်
အာဆီယံပြန်ကြားရေးဝန်ကြီးများ အစည်းအဝေး
မတိုင်မီ စက်တင်ဘာ ၂၀ ရက်မှ ၂၁ ရက်အထိ
ကျင်းပသည့် အကြိမ်(၂၀)မြောက် အာဆီယံပြန် ကြားရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (20th SOMRI)၊ (၇)ကြိမ်မြောက် အာဆီယံနှင့် မိတ်ဖက်သုံးနိုင်ငံ ပြန်ကြားရေးဆိုင် ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (7th SOMRI+3)၊ (၄)ကြိမ်မြောက် အာဆီယံ+ ဂျပန် ပြန်ကြားရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး( 4th SOMRI+J)များသို့ တက်ရောက်ခဲ့ပြီး အမြဲတမ်းအတွင်းဝန်သည် ဖိလစ်ပိုင်သမ္မတနိုင်ငံ ဖိလစ်ပိုင်ပြန်ကြားရေးအေ ဂျင်စီမှ ညွှန်ကြားရေးမှူးချုပ် H.E. Mr. Jose A. Torres, Jr. နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ သတင်းမီ ဒီယာနှင့် ပြန်ကြားရေးဆိုင်ရာကဏ္ဍများတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်
များကို ဆွေးနွေးခဲ့ကြသည်။

        ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် (၁၆)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများ အစည်း အဝေး၊ အကြိမ်(၂၀)မြောက် အာဆီယံ ပြန်ကြားရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပြီး နှစ်နိုင်ငံ သီးခြားတွေ့ဆုံမှုများအပါ အဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် မီဒီယာဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အမြင်ချင်းဖလှယ်နိုင်ခဲ့ကြောင်း သိရသည်။

#PAN