” အမေရိကန် အစိုးရက ရုရှား – ယူကရိန်း စစ်ပွဲများကို ပြောင်းလဲသွားစေနိုင်သော ATACMS နည်းဗျူဟာမြောက် ဒုံးကျည်များ ယူကရိန်းတို့ထံ ပေးပို့သွားမည့် အစီအစဥ်အား ကြေညာဖွယ်ရှိနေ”

စက်တက်ဘာ ၂၆

ယူကရိန်းစစ်တပ်အား ယခုသီတင်းပတ်အစော ပိုင်း အချိန်တွင် ATACMS နည်းဗျူဟာ မြောက် ဒုံးကျည်များ cluster ထိပ်ဖူးများ ပေးအပ်သွားရန် ရှိမရှိ ကိစ္စရပ်အား အမေရိကန် အစိုးရက ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ကြေညာ ဖွယ်သွားရှိနေပါတယ်။

ယခင်က ယူကရိန်းတပ်မတော်၏ စစ်ဦးစီး ချုပ်၏ အထူးလက်ထောက်ရာထူးကို ထမ်း ဆောင်ခဲ့သည့် Dan Rice က Newsweek မဂ္ဂဇင်းနှင့် တွေ့ဆုံ​မေးမြန်းမှုများ အထက်ပါ အတိုင်း ပြောကြားခဲ့တာဖြစ်ပြီး ယခုအခါ ၎င်းသည် ကိယက်ဗ်(ယူကရိန်း) ရှိ အမေရိကန် တက္ကသိုလ်၏ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

“HIMARS cluster အစုလိုက်အပြုံလိုက် ပြစ်လွှတ်နိုင်သော ဒုံးကျည်များကို ယခုသီ တင်းပတ်အတွင်း ယူကရိန်း တို့အတွက် အမေရိကန်အစိုးရက အတည်ပြုနိုင် ဖွယ်ရှိပါတယ်” လို့ Rice က ယူကရိန်းသို့ လက်နက်များပို့ဆောင်မှုများကို အကောင် အထည်ဖော်ရမည့် အမေရိကန်အစိုးရ အသိုင်းအဝိုင်း နှင့် ရင်နှီးသူများ၏ စကားပြောဆိုမှုများကို ကိုးကားပြီး Rice က ပြောကြား ခဲ့တာဖြစ်ပါတယ်။

“ယခုအပတ်တွင် HIMARS DPICM ခွင့်ပြုချက်ကို ရယူခြင်းသည် ယူကရိန်း – ရုရှား စစ်ပွဲ၏ ဂိမ်းပြောင်းလဲသူ ဖြစ်လာနိုင်ပါတယ်။ လေ့ကျင့်ရေးများ မလိုအပ်ဘဲ၊ အဆိုပါ Cluster ဒုံးကျည်တွေသည် လာမည့် အပတ်တွင် ရုရှား – ယူကရိန်း စစ်မြေပြင်တွင် ပေါ်လာနိုင်ဖွယ်ရှိပြီး ကြီးမားသော စစ်ပွဲ ပြောင်းလဲ မှုများ ဖြစ်စေနိုင်ပါတယ်” လို့ Rice က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *