ရေဖြူမြို့နယ်အတွင်း နယ်မြေခံလုံခြုံရေးအဖွဲ့များနှင့် တပ်မတော်စစ်ကြောင်းတို့က နယ်မြေရှင်းလင်းရာ အကြမ်းဖက် သမား PDF များ၏ လက်နက်၊ခဲယမ်းနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိ

စက်တင်ဘာ ၂၅

     တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ခမောင်းချောင်းကျေးရွာအနီးတွင် အကြမ်းဖက် သမား PDF များ ခိုအောင်းနေကြောင်း ဒေသခံပြည်သူများမှ သတင်းပေးပို့လာရာ နယ်မြေခံလုံခြုံရေးအဖွဲ့များက ယမန်နေ့က သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

      ထိုသို့ သွားရောက်ရှင်းလင်းရာ အကြမ်းဖက် သမား PDF များမှာ ကိုယ်လွတ်ရုန်း ထွက်ပြေးသွားကြပြီး ၎င်းတို့ နေထိုင်ရာ တဲအိမ်အတွင်းမှ လက်လုပ်သေ နတ်များ၊ မိုင်းနှင့် အကြမ်းဖက်ဖောက်ခွဲရေး ဆက် စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

         အလားတူ ရေဖြူမြို့၊ ဧကနီကျေးရွာအနီး၌ ယနေ့ နံနက်ပိုင်းအချိန်တွင် တပ်မတော်စစ် ကြောင်းနှင့် အကြမ်းဖက် PDF အဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ထိုတိုက်ပွဲတွင် အကြမ်းဖက် PDF  ၁ ဦးကို  M-4 အမျိုးအစားသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၃၄ တောင့်တို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်းနှင့် တပ်မတော်စစ်ကြောင်းမှ ထိခိုက်သေဆုံးမှုမရှိကြောင်းသတင်းရရှိသည်။

#PAN