(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

စက်တင်ဘာ ၂၅

      (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို စက်တင်ဘာလ ၂၃ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့၌ ခမ်းနားစွာဖွင့်လှစ်ကျင်းပခဲ့ပြီး အဆိုပါဖွင့်ပွဲအခမ်းအနားသို့ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် တက်ရောက်၍ အာရှအားကစားပြိုင်ပွဲ စတင်ဖွင့်လှစ်ကျင်းပကြောင်း ကြေညာပေးခဲ့သည်။

       တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသော အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားသမားများ ၁၁၁ ဦးစေလွှတ်၍ ဘောလုံး၊ ဝူရှုး၊ တိုင်ကွမ်ဒို၊ လှေလှော်၊ E sports၊ မြားပစ်နှင့် ခြင်းလုံး စသည့် ကစားနည်း ၇ မျိုးတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

#PAN