မန္တလေးဈေးကွက်အတွင်း ပဲဆီဈေးများကျဆင်းလာ

စက်တင်ဘာ ၂၅

      မန္တလေးဈေးကွက်တွင် ပြည်တွင်းစားသုံးသည့် ပဲဆီဈေးနှုန်းများ ယခုရက်ပိုင်းအတွင်း တစ်ပိဿာကို ငွေကျပ် ၃,၀၀၀ ကျော်ခန့်အထိ ဈေးပြန်လည်ကျဆင်းလာသည်ဟု မန္တလေးပဲကုန် သည်များထံမှ သိရပါ သည်။

       ယခင်က ပဲဆီတစ်ပိဿာကို ငွေကျပ် ၁၈,၀၀၀ အထိရှိခဲ့ပြီး လက်ရှိတွင် ပဲဆီတစ်ပိဿာကို ငွေကျပ် ၁၄,၅၀၀ အထိ ကျဆင်းလာပြီး ပဲဆီဈေးနှုန်းနှင့်အတူ ကျန်ဆက်စပ်သည့် စားသုံးဆီဈေးများလည်း ကျဆင်းလာသည်ဟု သိရပါသည်။

        မန္တလေးဈေးကွက်အတွင်းကို ရခိုင်၊ ပြည်၊ ပခုက္ကူ၊ ရေစကြို၊ ကျောက်ပန်းတောင်း၊ နေပြည် တော်၊ တပ်ကုန်း၊ ပျဉ်းမနား စသည့်ဒေသများမှ မိုးမြေပဲများ စတင်ထွက်ရှိလာခြင်းကြောင့် ယခုလို စျေးကျဆင်းလာခြင်း ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် ယခင်ရက်များက မြေပဲလုံးဆန်အနီတစ်ပိဿာကို ငွေကျပ် ၁၀,၀၀၀ ရှိခဲ့ရာမှ လက်ရှိ တစ်ပိဿာ ကိုငွေကျပ် ၇,၉၀၀ အထိ ကျဆင်းလာပြီး မြေပဲလုံးဆန်အဖြူ လည်း တစ်ပိဿာကို ငွေကျပ် ၈,၅၀၀ ရှိခဲ့ရာမှ လက်ရှိ ၆,၅၀၀ ကျပ်အထိ ကျဆင်းလာသည်ဟု သိရပါသည်။

#PAN