“တူရကီ စစ်တပ်က ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို Ahrar al-Sham လက်နက်ကိုင် တပ်ဖွဲ့ဝင်များ နှင့် ဆီးရီးယား အမျိုးသား တပ်မတော်တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် သက်တမ်း ကုန်ဆုံးသွားသည့် အချိန်တွင် ဆီးရီးယားနိုင်ငံ မြောက်ဘက်ပိုင်းရှိ Afrin မြို့အနီး တပ်ဖြန့်မှုများပြုလုပ်ခဲ့”

စက်တင်ဘာ ၂၅

တူရကီနိုင်ငံ စစ်တပ်၏ အထူးခြေမြန်တပ်ဖွဲ့များ သည် တူရကီနိုင်ငံ နှင့် ဆီးရီးယားနိုင်ငံတို့၏ နယ်စပ်အကြားရှ်ိ Euphrate ဒေသ နှင့် ဆီးရီးယားနိုင်ငံ မြောက်ဘက်ပိုင်းရှိ Afrin မြို့ကြား Kafr Jannah ဧရိယာအနီးတွင် တိုက်ပွဲဝင် တင့်ကားများ အပါဝင် တပ်ဖြန့်မှု များကို ပြီးခဲ့သည့် စက်တင်ဘာ ၂၄ရက်နေ့ကပြု လုပ်ခဲ့ကြပါတယ်။

ထို့နောက် တူရကီတပ်ဖွဲ့ဝင်များက အဆ်ိုပါ ဒေသ၏ လမ်းများ နှင့် လမ်းသွားလာမှုများကို ပိတ်ဆို့ခဲ့ကြ ပြီး နာရီပိုင်းအကြာတွင် Ahrar al-Sham လက်နက်ကိုင်တပ်ဖွဲ့ဝင်များ နှင့် ဆီးရီးယား နိုင်ငံ၏ အမျိုးသား တပ်မတော်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် သက်တမ်း ကုန်ဆုံး သွားခဲ့သည့် အချိန်လည်း ဖြစ်နေ ပါတယ်။

Ahrar al-Sham ၏ ဆီးရီးယားနိုင်ငံ အရှေ့ဘက်ကဏ္ဍနှင့် Sultan Murad ဌာနခွဲ ၏ ဦးဆောင်မှုအောက်တွင် ရှိသော လက်နက်ကိုင် တပ်ဖွဲ့ဝင်များ နှင့် ဆီးရီးယား နိုင်ငံ အမျိုးသားတပ်မတော်၏ ဒုတိယ တပ်မ ကြီးတို့အကြား အဆိုပါနေ့က တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ကြပါတယ်။

နှစ်ဖက် တိုက်ပွဲများအတွင်း လက်နက်ကြီး မော်တာများနှင့် လက်နက်ကြီး စက်သေနတ် များအသုံးပြုမှုပါ ဖြစ်ပေါ်ခဲ့ပါတယ်။

Ahrar al-Sham လက်နက်က်ိုင်အဖွဲ့ကြီး၏ တပ်ခွဲတစ်ခုဖြစ်သည့် Sukur al-Sham အမည်ရှိ အဖွဲ့နှင့် ဆီးရီးယား အမျိုးသား တပ်မတော်တို့သည် တိုက်ပွဲများ အရှိန်လျော့ ချနိုင်ရန်နှင့် ဆက်လက် ဖြစ်ပွားနေသော တိုက်ပွဲများကို ရပ်တန့်နိုင်ရန် ကြိုးပမ်း သည့်အနေဖြင့် အဆိုပါ ဒေသများတွင် တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ခဲ့ကြပါတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *