“အမေရိကန်နိုင်ငံအတွင်းရှိ ကျူးဘားနိုင်ငံ သံရုံးအား မီးဗုံး ၂လုံးဖြင့် လူတစ်ဦးက ပစ်ပေါက်ခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့”

စက်တင်ဘာ ၂၅

ကျူးဘားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Bruno Rodríguez Parrilla က ၎င်း၏Twitterစာမျက်နှာပေါ်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၂၄ရက်နေ့ ၉ နာရီ ၂၄ မိနစ်အချိန်ခန့်တွင် အမေရိကန်နိုင်ငံရှိ ၎င်းတို့နိုင်ငံ ကျူးဘားသံရုံးကို Molotov မီးဗုံး ၂ လုံး ဖြင့် လူတစ်ဦးက ပစ်ပေါက်ခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ထို့နောက် ကျူးဘားနိုင်ငံခြားရေး ဝန်ကြီးက ၎င်းတို့၏ ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း နှင့် အသေးစိတ် အချက် အလက်တွေကို ဆက်လက် ဆောင်ရွက် နေကြောင်း ထုန်ပြန် ကြေညာခဲ့ပါသေးတယ်။

ဝါရှင်တန်(အမေရိကန်) ရှိ ကျူးဘားနိုင်ငံ သံတမန်ရုံးချုပ်အား ၂၀၂၀ ခုနှစ် တွင် တစ်ကြိမ် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီးနော်က ယခု ဒုတိယအကြိမ် အကြမ်းဖက်တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်လို့ သတင်းဌာနများ ကဖော် ပြပြောဆိုထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *