အိန္ဒိယအသင်းကို သရေကစားပြီး ၁၆ သင်းအဆင့်သို့ တက်ရောက်လာတဲ့ မြန်မာ

Photo: MFF

စက်တင်ဘာ ၂၅
တရုတ်နိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၁၉ ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲရဲ့ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဥ်မှာ မြန်မာ ယူ-၂၄ အသင်းဟာ အိန္ဒိယ ယူ-၂၄ အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ တဖက်တဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။
အိန္ဒိယအသင်းရဲ့ ဦးဆောင်ဂိုးကို ချက်ထရီက ၂၃ မိနစ်မှာ ပင်နယ်တီကနေတဆင့် သွင်းယူခဲ့ပြီး မြန်မာအသင်းအတွက် ချေပဂိုးကို ရန်ကျော်ထွေးက ၇၄ မိနစ်မှာ ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့ပါတယ်။
မြန်မာအသင်းဟာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရမှတ်လေးမှတ်ဖြင့် အုပ်စုတတိယရခဲ့ပြီး အကောင်းဆုံးအုပ်စုတတိယ(၄)သင်း စာရင်းဝင်ခဲ့ကာ (၁၆)သင်းအဆင့်သို့ တက်ရောက်ခဲ့ပါတယ်။
မြန်မာယူ-၂၄ အသင်းဟာ ၁၆ သင်းအဆင့်မှာ ဂျပန် ဒါမှမဟုတ် ပါလက်စတိုင်းအသင်းနဲ့ စက်တင်ဘာ ၂၈ မြန်မာစံတော်ချိန် ည ၆ နာရီမှာ ယှဉ်ပြိုင်သွားရမှာလည်းဖြစ်ပါတယ်။