လားရှိုးမြို့၊မန္တလေးလမ်းနှင့် ရေကန်လန်းဆုံရှိ မီးပွိုင့်တွင် မီးနီဖြတ်​မောင်းသည့် ယာဉ်ပေါ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် နှစ်ဦးထိခိုက်ဒဏ်ရာရ

စက်တင်ဘာ ၂၂

         ယနေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ် (၄)ရပ်ကွက်၊ မန္တလေးလမ်းနှင့် ရေကန်လန်းဆုံရှိ မီးပွိုင့်တွင် မော်တော်ယာဉ်စိစစ်ဆဲ တစ်စီးမှ မီးနီစဉ် ဖြတ်မောင်းသည့်အတွက် တာဝန်ကျယာဉ်ထိမ်းမှ လိုက်လံဖမ်းဆီးစဉ် မန္တလေးလမ်း ဗောဓာရုံကျောင်းရှေ့အရောက်တွင် အဆိုပါမော် တော် ယာဉ်မှ ရုတ်တရက်ရပ်တန့်ပြီး သေ နတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် တာဝန်ကျ ယာဉ်ထိမ်းရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သား နှစ်ဦးတို့ သေ နတ်ထိမှန် (စိုးရိမ်) ဒဏ်ရာများရရှိခဲ့ကြောင်းသိရပါသည်။

        ဖြစ်စဥ်မှာ ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး စိုးလွင်၊ ရဲတပ်သား ပြည့်ဖြိုးပိုင် ၊ ယာဉ်ထိန်းအကူ လှိုင်မျိုး တို့ ၃ ဦးသည် အမှတ်(၄)ရပ်ကွက်၊ မန္တလေးလမ်း မီးပွိုင့်၌ တာဝန်ထမ်း​ဆောင်​နေစဉ် မီးနီဖြတ်​မောင်းသည့် ယာဉ်ကို ဆိုင်ကယ် ၂ စီး ဖြင့်​ နောက်မှလိုက်သွားရာ အမှတ် (၄)ရပ် ကွက်၊ နယ်မြေ (၆​)၊ ဗောဒ္ဓါရုံ​ကျောင်း​ရှေ့အ​ရောက် (စိစစ်ဆဲ)ယာဉ်​ပေါ်မှ​သေနတ်(အတို)ဖြင့် ပစ် ခတ်သဖြင့် ရဲတပ်သား ပြည့် ဖြိုးပိုင် နှင့် ယာဉ်ထိန်းအကူ လှိုင်မျိုး တို့ ၂ ဦး ထိ ခိုက်ဒဏ်ရာရရှိ​ခဲ့သည်။


         ရဲတပ်သား ပြည့်ဖြိုးပိုင် တွင် ဝဲဘက် ရင်အုံအထက် ၁ ချက် ၊ဝဲဘက်ညှပ်ရိုး ၁ ချက် ၊ ယာဉ်ထိန်းအကူ လှိုင်မျိုး​ တွင် နောက်​ကြော ၁ ချက်၊ယာ နံကြား ၁ ချက်၊ ဝမ်း ဗိုက် ၂ ချက်၊​နောက်​ကြော ၁ ချက် ဒဏ်ရာရရှိခဲ့ပြီး လားရှိုးပြည်သူ့​ဆေးရုံးမှတစ်ဆင့် တပ်မတော်ဆေးရုံ(၉/၁၀၀)သို့ ပို့​ဆောင်ကုသမှု့ခံယူလျှက် ကြောင်း သတင်းရရှိပါသည်။

#PAN