ဘားအံမြို့နယ်၊ ဘားအံ-သထုံကားလမ်း တံတားအမှတ် (၂/၁၃)ကို အကြမ်းဖက်သောင်းကျန်းသူ KNU/KNLA အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက် ဆီး

စက်တင်ဘာ ၂၂

         ယနေ့ နံနက်(သန်းခေါင်ကျော်) ၀၀: ၃၅ နာရီ
အချိန်ခန့်တွင် ဘားအံမြို့နယ်၊ ဘားအံ-သထုံကားလမ်း၊ မိုင်တိုင်အမှတ် (၁၂/၄)၊ တံတားအမှတ် (၂/၁၃)ကို အကြမ်းဖက်သောင်းကျန်းသူ KNU/KNLA အဖွဲ့မှ အင်အားစိစစ်ဆဲအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

        ထိုသို့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းကြောင့် အဆိုပါ တံတားတံတား၏ အောက်ခြေအလယ်ကွန်ကရစ်တိုင်(ဘားအံဘက်အခြမ်း)မှာကွဲအက်ပျက်စီးသွားခဲ့ကြောင်း၊ မိုင်းထောင်ဖောက်ခွဲခဲ့သည့်အဖွဲ့မှ ကျကျန်ခဲ့သည့် KNU/KNLA တံဆိပ်ပါ ပျောက်ကျားဉီးထုပ် ၁ လုံး၊ ဝါးလှေကား ၁ ခုတို့ကို တံတားအောက်ခြေတွင် တွေ့ရှိခဲ့ရကြောင်း သတင်းရရှိပါ သည်။

       အဆိုပါ နယ်မြေသည် KNLA တပ်မဟာ(၁) နယ် မြေဖြစ်ပြီး၊ အဆိုပါ KNLA တပ်မဟာ(၁) သည် NCA အတိုင်း နိုင်ငံရေးနည်းဖြင့် ဆွေးနွေးဖြေရှင်းရေးနည်းလမ်းကို ကျောခိုင်းကာ ယခုလိုအကြမ်းဖက်လုပ်ရပ်များကို ဆက်တိုက်လုပ် ဆောင်လာကြကြောင်း သိရပါသည်။

#PAN