ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူ မြို့ကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊တပ်မဟာ ၆ မှ ထိန်းချုပ်ထားနိုင်ပြီဟု KIC က မဟုတ်မမှန် သတင်းထုတ်ပြန် ဝါဒဖြန့်

စက်တင်ဘာ ၂၂

         ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူ မြို့ကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊တပ်မဟာ ၆ က ထိန်း ချုပ်ထားနိုင်ပြီး အုပ်ချုပ်ရေးလုပ်ငန်းများလည်း စတင်ဆောင်ရွက်နေပြီးဖြစ်သည်ဟု နယ် မြေခံ KNU တာဝန်ရှိသူများက ပြောကြားကြောင်း စက်တင်ဘာလ ၂၀ ရက်နေ့က Karen Information Center – KIC ကသတင်း ထုတ်ပြန်ခဲ့သည်ကို တွေ့ရပါသည်။

        မြေပြင် အခြေအနေအား သတင်းစုံစမ်းရာ KNU က သတင်းထုတ်ပြန်မူမှာမမှန်ကန်ကြောင်း၊ လက်ရှိ နစက အစိုးရ၏ အုပ်ချုပ်မှုယန္တရားအတိုင်း လည်ပတ်ဆောင်ရွက်နေကြောင်း၊ နယ်မြေ တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးတာ၀န်များကို တပ်မတော်၊ ရဲတပ်ဖွဲ့ နှင့် နယ်ခြားစောင့်တပ်များ ပူးပေါင်းစစ်ဆေးဆောင် ရွက်နေကြောင်း ကြာအင်းဆိပ်ကြီးမြို့ခံပြည်သူများထံမှ သိရှိရပါသည်။

       အကြမ်းဖက်သောင်းကျန်းသူ KNU အဖွဲ့၏ ကြောထောက်နောက်ခံပြု Karen Information Center – KIC  သည် မီဒီယာကျင့်ဝတ်နှင့်မညီဘဲ သတင်းအမှားများကို ထုတ်ပြန်ပြီး ပြည်သူလူထုကို လိမ်လည်ကာ ဝါဒဖြန့် မီဒီယာတစ်ခုဖြစ် ကြောင်း၊ ထိုသို့ မဟုတ်မမှန် သတင်းများကို ပြည်သူလူထုအတွင်း ဝါဒဖြန့်ပြီး စိုးရိမ်ကြောက်လန့်မှုများဖြစ်ပေါ်အောင် ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း အဆိုပါ မြို့ခံများက ဆိုပါသည်။

        ကရင်အမျိုးသားအစည်းအရုံး KNU သည် NCA စာချုပ်ကို လက်မှတ်ရေးထိုးထားသော EAO တစ်ဖွဲ့ဖြစ်ပါသည်။ NCA နှင့်ပတ်သက်ပြီး KNU အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများရှိနေကြပြီး NCA ကို ဆန့်ကျင်သော အဖွဲ့အနေဖြင့် လက်နက်ကိုင်ဆန့်ကျင်ရေးနည်းလမ်းဖြင့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြကြောင်း၊ ယနေ့အထိ ကရင်ပြည်နယ်အတွင်းရှိ မည်သည့်မြို့ကိုမှ KNU တပ်များက ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း သိရှိရပါသည်။

#PAN