ဘီးလင်းမြို့နယ်​၊​ ရန်ကုန်​-​မော်​လမြိုင်​ အ​ဝေး​ပြေးကားလမ်း​တွင်အကြမ်းဖက်သောင်းကျန်းသူ KNU တပ်​မဟာ( ၁ ) နှင့်​ PDF အကြမ်းဖက်ပူး​ပေါင်းအဖွဲ့က ခရီးသွားမော်တော်ယာဥ် တစ်စီးကို လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်

စက်တင်ဘာ ၂၁

      မွန်​ပြည်​နယ်​၊ ကျိုက်​ထိုခရိုင်​၊ ဘီးလင်းမြို့ နယ်​၊​ ဒေါက်​ရပ်​ကျေးရွာအုပ်​စုရှိ​ ရွှေအင်းဒုံ​ကျေး ရွာနှင့်​ ဒေါက်​ရပ်​ကျေးရွာကြား၊ ရန်​ကုန်​-​မော်​လမြိုင်​ အ​ဝေး​ပြေးကားလမ်း​ပေါ်တွင်​ ယနေ့​ မွန်းလွဲ  ၂ နာရီခွဲအချိန်​ခန့်က ခရီးသွား Honda Fit ကားတစ်​စီးအား အကြမ်း ဖက်သောင်းကျန်း သူ KNU တပ်​မဟာ( ၁ ) နှင့်​ PDF အကြမ်းဖက်ပူး​ပေါင်းအဖွဲ့က လက်​နက်​မဲ့ခရီးသွားပြည်​သူများအားအ​ကြောင်းမဲ့ လက်​နက်​ငယ်​များဖြင့်​ပစ်​ခတ်​တိုက်​ခိုက်​ခဲ့ကြောင်း သိရသည်။

       ထိုသို့ လက်နက်ငယ်များဖြင့် ပစ်ခတ်မှု​ကြောင့်​ အပြစ်​မဲ့ပြည်​သူ နှစ်​ဦး ကျည်ထိမှန်​ဒဏ်​ရာများရရှိခဲ့​ကြောင်း သိရသည်​။

        အဆိုပါ အကြမ်းဖက်သောင်းကျန်းသူ KNU တပ်​မဟာ( ၁ ) နှင့်​ PDF အကြမ်းဖက်ပူး​ပေါင်းအဖွဲ့များ သည် ရန်ကုန် – ဘားအံ့ – မြဝတီလမ်းပေါ်တွင် အများပြည်သူများ သွားလာနေမှုများကို ကြောက်ရွံထိတ်လန့်မှုများဖြစ်ပေါ်စေရန် လက် နက်မဲ့ အပြစ်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်နေခြင်းသည် နိုင်ငံတကာစစ် ဥပဒေ (ခေါ်) ဂျီနီဗာကွန်ဗင်းရှင်း၏ နောက်ဆက် တွဲစာချုပ် (၁)၊ အပိုဒ် ၅၂ အပိုဒ်ခွဲ(၂)ပါ ပြည် တွင်း စစ်ပွဲများတွင် ဘက်နှစ်ဖက် စစ်ဆင်တိုက် ခိုက်နေစဉ် စစ်ရေးပစ်မှတ်ကိုသာ တိုက် ခိုက်ခွင့်ရှိသည်ဟုသောအချက်ကို ချိုးဖောက်နေကြောင်း သိရပါသည်။

#PAN