ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသတွင် မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွား၊ ယာယီတဲ အလုံး ၃၀ ခန့် မြေစာနှင့်အတူ ပါသွား

စက်တင်ဘာ ၂၀

      ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသတွင် မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် စက်တင်ဘာလ ၁၇ ရက်နေ့က မြေပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

      ထိုသို့ မြေပြိုကျရာမှ မော်ချီးမိုင်း၏ တောင်စောင်း ၌ လူနေအိမ်နှင့် တဲများတွင် နေထိုင်ကြသော လူများမှာ ကြိုတင်သိရှိ၍ ထွက်ပြေးလွတ် မြောက်သွားကြပြီး ထိခိုက်သေဆုံးမှု မရှိကြောင်း၊ လူနေအိမ်နှင့် တဲ အလုံး ၃၀ ခန့်မှာ မြေပြိုကျရာမှ မြေစာနှင့်အတူ ပါသွားကြောင်း သတင်းရရှိပါသည်။

       အဆိုပါ မော်ချီးဒေသတွင် ၂၀၁၅ ခုနှစ် အောက် တိုဘာအတွင်းကလည်း ယခုလို မိုးရွာသွန်းမှုများ ပြားပြီး မြေပြိုကျမှု ဖြစ်ပွားခဲ့သေးကြောင်း၊ ထိုမြေပြိုကျမှုတွင် ရုတ်တရက် ဖြစ်ပွားခဲ့သဖြင့် တောင်စောင်းရှိ လူနေအိမ်များမှ လူများမှာ ရှောင်တိမ်းချိန်မရဘဲ သေဆုံးသူ ၁၈ဦးအထိ ရှိခဲ့ကြောင်း သိရပါသည်။

#PAN