နယူးကာဆယ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင် အေစီမီလန်လေ့ကျင့်ရေးကွင်းမှာ မြင်တွေ့ခဲ့ရတဲ့ မိုဗစ်

စက်တင်ဘာ ၂၀

      ကစားသမားဘဝကနေ အနားယူသွားခဲ့ပြီဖြစ်တဲ့ ဇလာတန်အီဘရာဟီမိုဗစ် ဟာ နယူးကာဆယ် အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကစားမယ့် ပွဲမတိုင်ခင် အေစီမီလန်အသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ ရောက်ရှိနေ ခဲ့တာ ဖြစ်ပါတယ်။

       အေစီမီလန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ မြို့ခံပြိုင်ဘက် အင်တာမီလန် အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတာဖြစ်ပြီး အေစီမီလန်အသင်းဟာ နယူးကာဆယ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒီအရှုံးရလဒ်ကို ပြန်လည်တုံ့ပြန်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

        အခုပွဲမတိုင်ခင်ပြုလုပ်ခဲ့တဲ့ အေစီမီလန်အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ် ကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး ဝါရင့်ကစား သမားဟောင်းဟာ နည်းပြ ပိုင်အိုလီ၊ လက်ထောက် နည်းပြတို့နဲ့ စကားပြောဆိုမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ အီဘရာဟီမိုဗစ် ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဆန်စီရိုမှာ ကစားခဲ့တဲ့ ရာသီနောက်ဆုံးပွဲစဉ်မှာ ကစား သမားဘဝကနေ အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

#PAN