တောင်ကိုရီးယားနိုင်ငံကို မြန်မာလုပ်သား ၁၄၈ ဦး စေလွှတ်ခဲ့

စက်တင်ဘာ ၂၀

      တောင်ကိုရီးယားနိုင်ငံကို ယခုလအတွင်း (၅)ကြိမ်မြောက်အဖြစ် မြန်မာလုပ်သား ၁၄၈ ဦးကို ယမန်နေ့က ထပ်မံစေလွှတ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သိရပါသည်။

       EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် ၇၂ ဦးနှင့် စိုက်ပျိုးရေးလုပ်သားသစ် ၇၆ ဦး စုစု ပေါင်း ၁၄၈ ဦး ကို ယခုလအတွင်း (၅)ကြိမ်မြောက်အဖြစ် စေခဲ့လွှတ်ခြင်းဖြစ်ပြီး ယင်းမြန်မာလုပ်သားများအနေနှင့် ရန်ကုန် လေဆိပ်မှ တစ် ဆင့် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်ကို ရောက်ရှိခဲ့ရာ မြန်မာသံရုံး ၊ ဆိုလ်းမြို့က အလုပ် သမားသံအရာရှိ က အလုပ်သမားများ သိရှိရန်၊ ဆောင်ရန်/ရှောင်ရန်နှင့် လိုအပ်သည်များ မှာကြားကာ ကူညီပံ့ပိုးခဲ့သည်ဟု သိရပါသည်။

#PAN