ရှုံးပွဲမရှိ ပွဲ ၁,၀၀၀ ပြည့်မြောက်ခဲ့တဲ့ ရော်နယ်ဒို

စက်တင်ဘာ ၂၀

       အယ်လ်နာဆာအသင်းမှ ပေါ်တူဂီတိုက်စစ်ကစားသမား ရော်နယ်ဒို ဟာ ကစားသမားဘဝ တစ်လျှောက် ရှုံးပွဲမရှိ ပွဲ ၁,၀၀၀ ပြည့်မြောက်ခဲ့ကြောင်း သိရပါတယ်။ ရော်နယ်ဒို ဟာ  ကစား သမားဘဝမှာ နိုင်ပွဲ ၇၇၆ ပွဲ၊ သရေပွဲ ၂၂၄ ပွဲရရှိထားတဲ့အတွက် ရှုံးပွဲမရှိတဲ့ပွဲပေါင်း ၁,၀၀၀ ရှိနေပြီ ဖြစ်ပါတယ်။

        ဒါကြောင့် ရိုနယ်ဒိုဟာ ရှုံးပွဲမရှိပွဲ ၁,၀၀၀ ပိုင်ဆိုင်တဲ့ ပထမဆုံးကစားသမားတစ်ဦးလည်း ဖြစ်လာပြီး မနေ့ညက ကစားခဲ့တဲ့ ပါစီပေါလစ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲမှာ ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပွဲမှာ အယ်နာဆာအသင်းက ပါစီပေါလစ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အဆိုပါ စံချိန်ကို ရရှိခဲ့တာဖြစ်ပါတယ်။

#PAN