အာဆီယံအဖွဲ့က ပထမဆုံး ပူးတွဲ စစ်ရေးလေ့ ကျင့်ခန်းပြုလုပ်

စက်တင်ဘာ ၂၀

        အာစီယံအဖွဲ့က ၎င်းတို့၏ ပထမဆုံးသော ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို ယမန်နေ့က အင်ဒိုနီရှားနိုင်ငံ၌ စတင်ပြုလုပ်ကြောင်းသိရသည်။တိုက်ခိုက်ရေးလေ့ကျင့်ခန်းများ မပါဝင်သော အဆိုပါ ငါးရက်ကြာ စစ်ရေးလေ့ကျင့်ခန်းကို အင်ဒိုနီးရှားနိုင်ငံ တောင်နာတူနာပင်လယ်၌ ပြုလုပ်ခြင်းဖြစ်သည်။

        ပူးတွဲ စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်ရခြင်း ၏အဓိကရည်ရွယ်ချက်မှာ ပင်လယ်ပြင်လုံခြုံရေးနှင့် ကင်းလှည့်ခြင်း များအပါအဝင် စစ်ရေးစွမ်းရည်များ တိုးတက်စေရေးနှင့်ကူညီကယ်ဆယ်ရေး ပစ္စည်းများပေးပို့ခြင်းတို့ကို လုပ်ဆောင် နိုင် စေရေးတို့ဖြစ်ကြောင်း အင်ဒိုနီးရှားစစ်ဘက်က ထုတ်ပြန်ထားသည်။ အင်ဒိုနီးရှားစစ်ဘက်အကြီးအကဲ ရေတပ် ဗိုလ်ချုပ်ကြီး ယူဒိုမာဂိုနို က ဒီလေ့ကျင့်ခန်းသည် တိုက်ခိုက်ရေးလေ့ကျင့်ခန်းများ မဟုတ်ဘဲ လူမှုရေးဆောင်ရွက်ချက်များအများအပြားပါဝင်ကြောင်းနှင့် အာဆီယံသည်စီးပွားရေးကိုသာ အဓိကဦးစားပေးလုပ်ဆောင်သည့်အဖွဲ့ဖြစ်ကြောင်း ပြောကြားခဲ့သည်။

      မူလက အဆိုပါ စစ်ရေးလေ့ကျင့်ခန်းကို တောင်တရုတ်ပင်လယ် တောင်စွန်းရေပြင်၌ ပြု လုပ်ရန် စီစဉ်ခဲ့သော်လည်း အခြေအနေတစ်ရပ်ကြောင့် နေရာပြောင်းရွှေ့ပြီးပြုလုပ်ရခြင်းဖြစ် ကြောင်း CNA သတင်းဌာန၏ ဖော်ပြချက် အရ သိရသည်။

#PAN