နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကိုပြင်ဆင်ဖွဲ့စည်း

စက်တင်ဘာ ၂၀

        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီက ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန ဥက္ကဌ အဖြစ်ဖြင့် အဖွဲ့ဝင် ၆ ဦးပါဝင်သော နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ကို အမိန့်အမှတ် ၈၃ / ၂၀၂၃၊ စက်တင်ဘာလ ၁၈ ရက် ယနေ့ ရက်စွဲဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း သိရပါသည်။

        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြားငွေလဲလှယ် နှုန်းတည်ငြိမ်စေရေးနှင့် နိုင်ငံခြားငွေအား ထိရောက်စွာအသုံးပြုနိုင်ရေးအတွက် လို အပ်သည့် လုပ်ငန်းတာဝန်များကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် “နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ” ကို ပြင်ဆင်ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း အမိန်ကြော်ငြာစာတွင် ဖော်ပြထားပါသည်။

        ယခုနှစ် ဇူလိုင်လအတွင်းက ဒုတိယဗိုလ် ချုပ်ကြီး ညိုစော၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ကို အဖွဲ့အဝင်အဖြစ်ထည့်သွင်းပြီး နစက အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက ဥက္ကဋ္ဌ အဖြစ်ဖြင့် အသစ်ဖွဲ့စည်းထားသည့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကို ဖျက်သိမ်းပြီး ယခုလိုပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။

#PAN