လာမည့် အောက်တိုဘာလမှ စတင်၍ မန္တလေးယဉ်ကျေးမှုဇုန်ဝင်ကြေးများ ပြောင်းလဲကောက်ခံမည်

စက်တင်ဘာ ၁၉

       မြန်မာနိုင်ငံ၏ အထင်ကရ ယဉ်ကျေးမှုမြို့ တော်တစ်ခုဖြစ်သည့် မန္တလေးမြို့မှ ယဉ်ကျေးမှုဇုန်ကို နိုင်ငံခြားသားများ ဝင်ရောက်လေ့လာမည့် ဇုန်ဝင်ကြေးများကို အောက်တိုဘာလမှ စတင်၍ ပြောင်းလဲကောက်ခံတော့မည်ဖြစ်ကြောင်း ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနမှ သိရပါသည်။

       လာမည့် အောက်တိုဘာလ ၁ ရက်မှ စကာ နိုင်ငံခြားသားခရီးသွားများကို မန္တလေးယဉ်ကျေး မှုဇုန်နှင့် ပင်းယ၊ အင်းဝယဉ်ကျေးမှုမြို့တော်များကို ဝင်ရောက်လေ့လာပါက ဇုန်ဝင်ကြေး ငွေကျပ် ၁၅,၀၀၀ ကျပ် ပြောင်းလဲကောက်ခံ သွားမည်ဟု သိရသည်။

       အဆိုပါ မန္တလေးမြို့တစ်ဝိုက်ရှိ လည်ပတ်စရာ ယဉ်ကျေးမှုအမွေနှစ်နေရာများအတွက် စက်တင်ဘာလကုန် အထိ နိုင်ငံခြားသားခရီးသွားများကို ဇုန်ဝင်ကြေး ၁၀,၀၀၀ ကျပ် ကောက်ခံမှာ ဖြစ်ပါသည်။

       မန္တလေး ယဉ်ကျေးမှုဇုန်တွင် နိုင်ငံခြားခရီး သွားများအနေနှင့် မယ်နုကျောင်း၊ ရွှေကျောင်းနှင့် နန်းတွင်းနေရာများ အပါအဝင် ပင်းယနဲ့ အင်းဝမြို့ဟောင်းယဉ်ကျေးမှုဇုန်နေရာများသည် ခရီး သွားများ စိတ်ဝင်တစား လည်ပတ်ကြသော နေရာများ ဖြစ်ပါသည်။ နိုင်ငံခြားခရီးသွားများ လေ့လာလည်ပတ်နိုင်ရန် ယခု ၂၀၂၂- ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတော် ဘတ်ဂျတ်တွေနှင့် မန္တလေးနန်းတော်တွင်းနှင့် ရွှေကျောင်းတို့ကို ရှေးမူမပျက် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရပါသည်။

#PAN