ဗိုလ်တထောင်မြို့နယ်တွင် အမျိုးသားတစ်ဦးကိုကွန်တိန်နာကား ဝင်တိုက်မိ၍ သေဆုံး၊ ကားမောင်းသူထွက်ပြေး


စက်တင်ဘာ ၁၉

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ကျောက်လမ်းမပေါ်တွင် ယမန်နေ့​ ညနေ ၅နာရီခွဲအချိန်ခန့်က ကွန်တိန်နာကားတစ်စီးမှ အမျိုးသားတစ်ဦးအား ဝင်တိုက်မိခဲ့၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဗိုလ်တထောင် ကျောက်လမ်းမပေါ်က ဂိုးချိုးဝင်းအရှေ့မှာဖြစ်သွားတာပါ။ ကွန်တိန်နာနဲ့ တိုက်ခံရပြီး သေဆုံးသွားတဲ့လူက အသက်(၃၅)နှစ်ဝန်းကျင်လောက်ပါ။ ကွန်တိန်နာမောင်းတဲ့လူက ဖြစ်စဥ်ဖြစ်တော့ အခင်းဖြစ်တဲ့နေရာမှာ ကားကိုထားပြီး ထွက်ပြေးသွားပါတယ်”ဟု လင်းလက်လူမှုကူညီရေးအသင်း ဝင်တစ်ဦးကပြောသည်။

အဆိုပါ ကွန်တိန်နာကားဖြင့်တိုက်ခံခဲ့ရသည့် အမျိုးသားမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့သဖြင့် လင်းလက်လူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။