“လာမည့် အောက်တိုဘာလတွင် တရုတ်နိုင်ငံအတွင်း ကျင်းပပြုလုပ်မည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ Belt and Road ဖိုရမ်ပွဲကြီးတွင် ရုရှားနိုင်ငံ၏ သမ္မတ ဗာလာဒီမာပူတင် ကိုယ်တိုင် ပါဝင်တတ်ရောက်သွား ဖွယ်ရှိနေပြီး တရုတ်နိုင်ငံ သမ္မတ နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွား ဖွယ်ရှိနေ”

စက်တင်ဘာ ၁၉

ရုရှားနိုင်ငံဆိုင်ရာ လုံခြုံရေးကောင်စီ ၏ ယနေ့ စက်တင်ဘာ ၁၉ရက် ဗုဒ္ဓဟူးနေ့ သတင်း ထုတ်ပြန်ချက် အရ ရုရှား သမ္မတ ဗလာဒီမာပူတင် က လာမည့် အောက်တိုဘာလ တွင် တရုတ်နိုင်ငံ ပေကျင်း မြို့၌ တရုတ် သမ္မတ Xi Jinping နှင့် တွေ့ဆုံဆွေးနွေးသွား ရန် စီစဉ်ထားကြောင်း သတင်းဌာနများ ကဖော် ပြပြောဆိုထားပါတယ်။

လာမည့် အောက်တိုဘာလတွင်ကျင်းပ ပြုလုပ် မည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး Belt and Road ဖိုရမ်ပွဲကြီးတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖြစ်နိုင်ခြေရှိသော အလည် အပတ်ခရီးစဉ်ကို ဆွေးနွေးရန် ပြီးခဲ့သည့် တနင်္လာနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့ တွေ့ဆုံခဲ့ကြစဥ် ဆွေးနွေးမှုများပြုလုပ် ခဲ့ကြတာ လည်းဖြစ်ပါတယ်။

အဆိုပါ ခရီးစဥ်သည် ပြီးခဲ့သည့် မတ်လပိုင်းအတွင်း တရုတ်သမ္မတ Xi Jinping ၏ ရုရှားနိုင်ငံကို ခရီးထွက် ပြီးနောက်ပိုင်း ရုရှား-တရုတ် နိုင်ငံများ၏ ခေါင်းဆောင် နှစ်ဦးကြား ပထမဆုံး ထပ်မံ တွေ့ဆုံမှုဖြစ်ပြီး ရုရှားသမ္မတ ပူတင် က ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ ဘေဂျင်း အိုလံပစ်ပြိုင်ပွဲနောက်ပိုင်း တရုတ်နိုင်ငံသို့ ပထမဆုံးလာရောက်လည်ပတ်မည့် နိုင်ငံတော်အဆင့် ခရီးစဉ်လည်း ဖြစ်ပါတယ်။

ထို့နောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang သည် ရုရှားနိုင်ငံ အမျိုးသား လုံခြုံရေးကောင် စီအတွင်းရေးမှူး Nikolai Patrushev ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံအတွင်း လာမည့် စက်တင်ဘာ ၂၀ရက် ကြာသပတေးနေ့အထိ လာရောက်လည် ပတ်မှုများ ပြုလုပ် နေကြောင်းလည်း သတင်းဌာနများ ကဖော်ပြပြော ဆိုထားပါတယ်။