ဘုတလင်မြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့တွင် အကြမ်းဖက် PDF များ ထောင်ထားသည့် မိုင်းများပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

စက်တင်ဘာ ၁၉

       စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့တွင် အကြမ်းဖက်သမား PDF များ ထောင်ထားသည့် လက်လုပ်မိုင်းများ ပေါက် ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

         စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ဘုတလင်မြို့နယ်၊ မောင်းထောင်ကျေးရွာနေ ဒေါ်အေးအေးသင်း၊ ၄၂ နှစ်သည် ဘုတလင်မြို့သို့ မောင်းထောင် – ဘုတလင်ကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့်သွားရောက်စဉ် ဘုတလင်မြို့၊ ခုံမင်းကြီးရပ်ကွက်၊ သင်္ချိုင်းအနီးလမ်းကွေ့အရောက် လမ်းဘေးရှိ အကြမ်းဖက် PDFများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ဒေါ်အေးအေးသင်း၏ ရင်ဘတ်၌ မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး မုံရွာခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

          အလားတူ ယင်းနေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ရွှေဘိုမြို့နယ်၊ ပန်းတောင်းကျေးရွာနေ ဦးရဲအောင်၊ ၂၅ နှစ်သည် ရွှေဘိုမြို့မဈေးမှ ဈေးဝယ်ပြီး ပန်းတောင်းကျေးရွာသို့ ပြန်လာစဉ် ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်၊ မူးဘောင်လမ်းပေါ် အရောက်၌ လမ်း၏ဝဲဘက်အခြမ်းရှိ အကြမ်းဖက် PDF များ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သဖြင့် ဦးရဲအောင်တွင် ဦးခေါင်း၊ ဝမ်းဗိုက်၊ လက်နှင့် ခြေထောက်တို့၌ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ရွှေဘိုမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိပါသည်။

       ပြည်ပြေးအကြမ်းဖက်ဂိုဏ်းချုပ် NUG ၏ လမ်း ညွှန်မှုတွေကို အကောင်အထည်ဖော်ပေးနေသည့် ပြည်တွင်းအကြမ်းဖက် PDF များသည် အများပြည်သူ အသုံးပြုသွားလာနေသော လမ်းများတွင် မိုင်းထောင်ခြင်းဖြင့် ပြည်သူလူထုအတွင်း ကျီလန့်စာစား စိုးရိမ်ကြောက်လန်မှုများဖြစ်ပေါ်စေရန် အရပ်သားပြည်သူများကို ပစ်မှတ်ထားလုပ်ဆောင်လျှက်ရှိကြောင်း သိရပါသည်။

#PAN