“အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းနိုင်ငံအတွင်းရှိ ကနေဒါနိုင်ငံဆိုင်ရာ သံအမတ် အား နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် တောင်းဆို”

စက်တင်ဘာ ၁၉

ကနေဒါနိုင်ငံ အစိုးရက ၎င်းတို့နိုင်ငံအတွင်းရှိ အဆင့်မြင့် အိန္ဒိယသံတမန်တစ်ဦးကို ကနေဒါ နိုင်ငံအတွင်းမှ နှင်ထုတ်မှု ဖြစ်ပွားခဲ့ တာလည်းဖြစ်ပါတယ်။

ကနေဒါ အစိုးရက အဆိုပါ အိန္ဒိယနိုင်ငံ သံအမတ်ကြီးအား ကနေဒါနိုင်ငံအတွင်း အိန္ဒိယ ထောက်လှမ်းရေးများကို ဦးဆောင်နေတယ်လို့ ယုံကြည်ကြောင်းလည်း ထုတ်ပြန် ကြေညာ ထားပါတယ်။

အိန္ဒိယနိုင်ငံ၏ အချုပ် အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုများကို ဆက်လက် ခြိမ်းခြောက်နေသည့် Khalistan အကြမ်းဖက်သမားများနှင့် အစွန်းရောက် ဝါဒီများကို အာရုံလွှဲနိုင်ရန် ကနေဒါ အစိုးရ၏ စွပ်စွဲချက်သည် အဓိပ္ပာယ် မရှိကြောင်း လည်း အိန္ဒိယ နိုင်ငံခြားရေးဝန် ကြီးဌာနက ထုတ်ပြန် ကြေညာ ပြောဆိုခဲ့ပါတယ်။

ကနေဒါ နိုင်ငံ၏ ဝန်ကြီးချုပ် Justin Trudeau က ကနေဒါနိုင်ငံအတွင်းရှိ ဆစ်ခ် တက်ကြွလှုပ်ရှားသူ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ဆက်နွှယ်မှုရှိနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်များဖြင့် အိန္ဒိယနိုင်ငံ ထိပ်တန်းသံတမန်တစ်ဦးကို ကနေဒါ နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် လိုအပ်​ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၁၈ရက် နေ့ကပြောကြားခဲ့ တာလည်း ဖြစ်ပါတယ်။

ထို့နောက် အိန္ဒိယနိုင်ငံ၏ ပြည်ပရေးရာ ဝန်ကြီးဌာနက လည်း ၎င်းတို့ အစိုးရ အနေဖြင့် အိန္ဒိယ နိုင်ငံအတွင်းရှိ ကနေဒါနိုင်ငံဆိုင်ရာ သံတမန်အား လာမည့် ၅ရက်အတွင်း အိန္ဒိယနိုင်ငံမှ ထွက်ခွာ ရန် ယနေ့ စက်တင်ဘာလ ၁၉ရက်နေ့က တောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။

အထက်ပါ ဆုံးဖြတ်ချက်သည် အိန္ဒိယနိုင်ငံ ၏ပြည်တွင်းရေးကိစ္စများတွင် ကနေဒါ သံတမန်များ၏ ဝင်ရောက်စွက်ဖက်မှုနှင့် အိန္ဒိယဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ၎င်းတို့ ၏ပါဝင်ပတ်သက်မှုများ အပေါ် အိန္ဒိယအစိုးရ၏ စိုးရိမ်မှုကို ထင်ဟပ်နေတာလည်း ဖြစ်ပါတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုထားပါတယ်။