ချောက်မြို့၊ မြို့နယ်စည်ပင်သာယာရုံးရှေ့တွင် အကြမ်းဖက် PDF ၂ ဦး လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေး အပြစ်မဲ့ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

စက်တင်ဘာ ၁၉

         မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၊ မြို့နယ်စည်ပင်သာယာရုံးရှေ့တွင် ယမန်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် ဗုံးတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း သိရပါသည်။

          ဖြစ်စဥ်မှာ အကြမ်းဖက် PDF ၂ ဦးသည်ဆိုင်ကယ်စီးဦးထုပ်များ၊ မက်(စ်)များ ဝတ်ဆင်ထားပြီး ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာကာ မြိုနယ်စည်ပင်သာယာရုံးရှေ့ တမာပင်အနီး လက် ပစ်ဗုံးတစ်လုံးပစ်ပေါက်ခဲ့ရာ အဆိုပါလက်ပစ်ဗုံးမှာ ရုံးရှေ့ အုပ်ခုံအားထိမှာကာ အနီးရှိ ADဒေါ်ညိုမီမီမြင့် စီးနင်းသော မော်တော်ကားအောက် ဝင်ရောက် ပေါက်ကွဲခဲ့ရာ  မော်တော်ကားမှာ အင်ဂျင်ဝိုင်များ၊ဓာတ်ဆီများယိုစိမ့်၍ကားအောက်ပိုင်းပျက်စီးခဲ့သည်။

        ထိုသို့ ဗုံးပေါက်ကွဲမှကြောင့် ရုံးသို့ ရေခွန်လာဆောင်သော အမျိုးသားတစ်ဦး လက်မောင်း ဗုံးစထိမှန်(မစိုးရိမ်ရ)နှင့် ရုံးတာဝန်ထမ်းဆောင်နေသော အခွန်စာရေးမ တစ်ဦး တင်ပါး ဗုံးစထိမှန် ( မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်ရရှိပါသည်။

#PAN