မန်ယူကို လျှော့မတွက်ဖို့ အသင်းဖော်တွေကို သတိပေးလိုက်တဲ့ ဟာရီကိန်း

စက်တင်ဘာ ၁၉
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ မန်ယူနဲ့ ကစားမယ့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ ပြိုင်ဘက်ကို အထင်မသေးဖို့ အသင်းဖော်တွေကို သတိပေးစကားပြောကြားလိုက်ပါတယ်။ ဟယ်ရီကိန်းက “ခက်ခဲမယ့်ပွဲတစ်ပွဲပါ။ မန်ယူက အခုချိန်မှာ ရုန်းကန်နေရတာကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် တစ်ခါတလေကျရင် ဒီလိုအသင်းတွေက အန္တရာယ်ရှိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ကြီးမားတဲ့နည်းလမ်းနဲ့ ပြန်လာဖို့ ကြိုးစားနေလို့ပါ” ဟု ပြောဆိုထားပါတယ်။
မန်ယူအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် (၅)ပွဲ ကစားပြီးချိန်မှာ (၃)ပွဲအထိ ရှုံးနိမ့်ထားပြီး အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒီပွဲမှာ ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ် ကစားသမားဘဝ ပထမဆုံး ချန်ပီယံလိဂ်အိမ်ကွင်းပွဲကို ကစားရမှာလည်းဖြစ်ပါတယ်။ အသက်၃၀နှစ်ရှိ အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင် ဟာရီကိန်းဟာ စပါးအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းဆီသို့ ယူရို သန်း ၁၁၀ နဲ့ ပြောင်းရွှေ့လာခဲ့သူလည်းဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းနဲ့ မန်ယူအသင်းတို့ဟာ စက်တင်ဘာလ(၂၁)ရက် မြန်မာစံတော်ချိန်နံနက်(၁:၃၀)နာရီမှာ ယှဉ်ပြိုင်ကစားသွားကြမှာလည်းဖြစ်ပါတယ်။