ယနေ့ကုန်စျေးနှုန်းသတင်း

စက်တင်ဘာ ၁၈

       ယနေ့ အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည် ဒိုင်များမှ ရရှိသည့် ကုန်ဈေးနှုန်းများအရ မတ်ပဲနှင့် ပဲတီစိမ်းဈေးတို့ မြင့်တက်နေပြီး ပဲစင်းငုံနီနှင့် ပြောင်းဆန်ဈေးတို့မှာ ကျဆင်းနေပါသည်။

       ကြက်သွန်နီဈေး အနည်းငယ် တက်လာပြီး ကြက်သွန်ဖြူဈေးမှာ ဈေးငြိမ်နေပါသည်။ မတ်ပဲ (FAQ/RC) တစ်တင်းကို ၈၁,၀၉၅ ကျပ်၊ မတ်ပဲ (SQ/RC) တစ်တင်းကို ၈၈,၆၅၀ ကျပ်၊ မတ်ပဲ (Raw) တစ်ပိဿာကို ၄,၁၀၅ ကျပ်မှ ၄,၁၄၅ ကျပ်ထိ၊ ပဲစင်းငုံနီ တစ်တင်းကို ၁၂၇,၀၀၀ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၂,၆၃၀ ကျပ်မှ ၃,၅၈၀ ကျပ်ထိ၊ ကုလားပဲဖြူလုံးအသေး တစ်ပိဿာကို ၄,၅၀၀ ကျပ်မှ ၄,၅၈၀ ကျပ်ထိ၊ ကုလားပဲဖြူလုံးအကြီး တစ်ပိဿာကို ၄,၅၈၀ ကျပ်မှ ၄,၆၆၅ ကျပ်ထိ၊ ပြောင်းဆန် တစ်ပိဿာကို ၁,၁၅၀ ကျပ်မှ ၁,၁၇၀ ကျပ်ထိ၊ ပဲလွန်းဖြူ တစ်ပိဿာကို ၂,၅၅၀ ကျပ်မှ ၂,၈၈၅ ကျပ်ထိ၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၄၁၅ ကျပ်မှ ၃,၄၇၀ ကျပ်ထိ၊ ကြက် သွန်နီ တစ်ပိဿာကို ၂,၅၅၀ ကျပ်မှ ၃,၁၅၀ ကျပ်ထိ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၇,၄၀၀ ကျပ်မှ ၇,၅၀၀ ကျပ်ထိ၊ သကြား တစ်ပိဿာကို ၃,၆၂၀ ကျပ်မှ ၃,၆၃၀ ကျပ်ထိ၊ အာ လူး တစ်ပိဿာကို ၂,၁၀၀ ကျပ် ဖြစ်ပေါ်နေပါသည်။

        နိုင်ငံခြားငွေလဲလှယ်နှုန်းများမှာ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆.၃၀ ကျပ်နှင့် စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၄၅.၄၂ ကျပ် ဈေးဖြစ်ပါသည်။

         စက်သုံးဆီဈေးနှုန်းများမှာ Octane 92 တစ်လီတာကို ရန်ကုန်တွင် ၂,၄၄၀ ကျပ်၊ မန္တလေးတွင် ၂,၄၈၅ ကျပ်၊ နေပြည်တော်တွင် ၂,၄၈၀ ကျပ်၊ Octane 95 တစ်လီတာကို ရန်ကုန်တွင် ၂,၅၆၅ ကျပ်၊ မန္တလေးတွင် ၂,၆၁၅ ကျပ်၊ နေပြည် တော်တွင်၂,၆၁၅ ကျပ်၊ ဒီဇယ် တစ်လီတာကို ရန်ကုန်တွင် ၂,၆၅၀ ကျပ်၊ မန္တလေးတွင် ၂,၇၀၀ ကျပ်၊ နေပြည်တော်တွင် ၂,၆၉၅ ကျပ်၊Premium ဒီဇယ် တစ်လီတာကို ရန်ကုန်တွင် ၂,၇၂၅ ကျပ်၊ မန္တလေးတွင် ၂,၇၇၅ ကျပ်၊ နေ ပြည်တော်တွင် ၂,၇၇၅ ကျပ် ဈေးရှိနေသည်။

      စင်ကာပူနိုင်ငံတွင် ယနေ့ဖြစ်ပေါ်လျက်ရှိသော စက်သုံးဆီဈေးနှုန်းများအနေနဲ့ မြန်မာကျပ်ငွေဖြင့် Premium ဒီဇယ် တစ်လီတာကို ၂,၁၀၂ ကျပ်ခန့်၊ Octane 92 တစ်လီတာကို ၁,၇၈၈ ကျပ်ခန့်နဲ့ Octane 95 တစ်လီတာကို ၁,၈၉၂ ကျပ်ခန့် ဖြစ်ပေါ်နေပါသည်။

       ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း(YGEA)၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်း ကတော့ ကျပ်သိန်း (၂,၂၆၉,၀၀၀ိ/-) နှစ်ဆယ့် နှစ်သိန်း ခြောက်သောင်း ကိုးထောင် ရှိနေကြောင်း သိရပါသည်။

#PAN