မေ ၃၁
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၊ သဲဖြူချောင်းကျေးရွာ၊ သံတံတားဂိတ်တွင်လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်လုံခြုံရေးအဖွဲ့ကို KNU တပ်မဟာ( ၁ )နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့က ယနေ့ နံနက် ၅ နာရီခွဲအချိန်က လက်နက် ကြီး/လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။
ထိုသို့ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့က လာရောက်တိုက်ခိုက်ရာ နှစ်ဖက်အပြန်အလှန်ပစ်ခက်ကြသဖြင့် ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းပေါ်ရှိ ကားများခေတ္တခဏ ပိတ်ဆို့ခဲ့ပြီး PDF အကြမ်းဖက်သမားများသည်ထိခိုက်ဒဏ်ရာရရှိမှုများရှိပြီး သဲဖြူချောင်း၏ အရှေ့ဘက်ခြမ်းရှိချောင်းရိုးအတိုင်း ပြန်လှန်ဆုတ်ခွာသွားကြောင်းနှင့် တပ်မတော်လုံခြုံရေးအဖွဲ့တွင် ထိခိုက်ကျဆုံး မရှိကြောင်းသတင်းရရှိပါတယ်။
#PAN