ပုလောမြို့နယ်၊ မဒေါင်ကျေးရွာအနီးရှိ အကြမ်း ဖက်သမား PDF များ၏ စခန်းကို နယ်မြေခံ တပ်မတော်စစ်ကြောင်းက တိတ်တဆိတ်ချဥ်းကပ် တိုက်ခိုက်သိမ်းပိုက်

စက်တင်ဘာ ၁၈

         တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မဒေါင်ကျေးရွာအနီးတွင်  အကြမ်း ဖက်သမား PDF များက အခြေပြုစခန်းပြုလုပ် ခိုအောင်းနေကြောင်း ဒေသခံပြည်သူများက အခိုင် အမာ သတင်းပေးပို့မှုအရ နယ်မြေခံ တပ်မတော်စစ်ကြောင်းက တိတ်တဆိတ်ချဥ်းကပ် ရှင်းလင်းချေမှုန်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရပါ သည်။

       ထိုသို့  တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ကြမ်းဖက်သမား PDF  ၁၄ ဦးကို M-4 သေနတ် ၅ လက်၊ M-16 သေနတ် ၁ လက်၊ AK  သေနတ် ၁ လက်၊ ကျည်အိမ် ၇ ခု တို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့​ကြောင်း၊ တပ်မတော်စစ် ကြောင်းဖက်မှ ထိခိုက်သေဆုံး တစ်စုံတရာမရှိကြောင်း သတင်းရရှိပါသည်။


      အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်လိုကြသော ပြည်သူများသည် အကြမ်းဖက် PDF များ၏ အကြမ်းဖက်လုပ်ရပ်များကို မနှစ်မြို့၊ လက်မခံကြတော့သဖြင့် ၎င်းတို့၏ သတင်းများကို နီးစပ်ရာ လုံခြုံရေးအဖွဲ့များသို့ လျှို့ဝှက်ပေးပို့လျှက်ရှိကြရာ ၎င်း သတင်းများအရ နယ်မြေလုံခြုံရေးအဖွဲ့များက လိုက်လံရှင်းလင်း နှိမ်နင်းလျှက်ရှိပါသည်။

#PAN