စစ်ကိုင်းမြို့နယ်၊ တဲကြီးကျေးရွာအနီးတွင် အကြမ်းဖက် PDF များ ခိုအောင်းအခြေပြုနေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ နယ်မြေလုံခြုံရေးအဖွဲ့များက သွားရောက်ရှင်းလင်း၊ အကြမ်းဖက် PDF ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိ

စက်တင်ဘာ ၁၈

       စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်လိုကြသော ဒေသခံပြည်သူများက အကြမ်းဖက် PDF များ၏ အကြမ်းဖက်လုပ်ရပ်များကို မနှစ်မြို့၊ လက်မခံကြတော့သဖြင့် ၎င်းတို့၏ သတင်းများကို နီးစပ်ရာ လုံခြုံရေးအဖွဲ့များသို့ လျှို့ဝှက်ပေးပို့လာကြရာ နယ်မြေလုံခြုံရေးအဖွဲ့များက လိုက်လံရှင်း လင်း နှိမ်နင်းလျှက်ရှိပါသည်။

       ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တဲကြီးကျေးရွာအနီးတွင် အကြမ်းဖက် PDF များ ခိုအောင်းအခြေပြုနေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့လာမှုကြောင့် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်း နှိမ်နင်းရာ အကြမ်းဖက် PDF များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အကြမ်း ဖက် PDF များမှာ ကစဥ်ကလျား ကိုယ်လွတ် ရုန်းထွက် ပြေးခဲ့ကြကြောင်း သိရပါသည်။

        အဆိုပါ တိုက်ပွဲဖြစ်ပွားရာနေရာကို နယ်မြေလုံခြုံရေးတပ်ဖွဲ့များက အသေးစိတ်ရှင်းလင်းရာ အကြမ်းဖက် PDF များ၏ လက်လုပ်သေနတ် (အရှည်) ၂၃ လက်၊ လက်လုပ် ၄၀မမသေနတ် ၂ လက်၊ ၄၀မမ လက်လုပ်ဗုံးသီး ၅ လုံး၊ လက်လုပ်စနိုက်ပါ ၁ လက်၊ လက်လုပ်သေနတ်(အတို) ၃ လက်၊ ၁၂ ဗို့ကျည် ၆၄ တောင့်၊ ကျည်အိမ်မျိုးစုံ ၁၃ ခု၊ စကားပြောစက် ၂ လုံး၊ စကားပြောစက် တိုင် ၅ ချောင်း၊ လက်လုပ်မိုင်းမျိုးစုံ ၂၈ လုံး၊ ဆိုင်ကယ်ဘက္ထရီအိုး ၄ လုံး၊ ၅.၅၆ ကျည် ၁၃၅ တောင့်၊ အေကေ-၄၇ ကျည် ၃၀ တောင့်၊ ယမ်းမှုန့်မျိုးစုံ ၃ ပိဿာ၊ လက်လုပ်ကျည် ၅ တောင့်၊ ခဲပြား ၁ ပိဿာ၊ လက်လုပ်ဒင် ၆ ခု၊ ဝရိန်စက် ၅ လုံး၊ ယမ်းကြိုး ၁ ခွေ၊ Drone ၁ စီး၊ Drone ဆက်စပ်ပစ္စည်း ၁ ခု၊ လေသေနတ်လေအိုး ၂ ခု၊ ဒီတိုနေတာ ၄၀ ချောင်း၊ မိုင်း/ ယမ်းကြိုးမျိုးစုံ  ၄ မျိုး၊ ဒိုင်းလွှ ၁ ချောင်း၊ သေနတ်/မိုင်းပြုလုပ်သည့်ပစ္စည်းမျိုးစုံ ၁ ပုံး၊ ပြောက်ကျားကျောပိုး အိတ် ၁ လုံး၊ နိုင်ငံသားစိစစ်ရေးကတ် ၁ ခုတို့နှင့်အတူ အကြမ်းဖက် PDF ၂ ဦးကို အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

       တာဝန်သိပြည်သူများ၏ ယခုလို အကြမ်း ဖက်သမားများ၏ သတင်းများကို နီးစပ်ရာ လုံခြုံရေးအဖွဲ့များထံ ပေးပိုလာမှုကြောင့် ယခုလို နှိမ်နင်းချေမှုန်းနိုင်ခြင်းဖြစ်ကြောင်း၊ ဒေသတွင်းတွင်း ငြိမ်းချမ်းစွာ နေထိုင်နိုင်ရန် ယခုလို အကြမ်းဖက် PDF များ၏ သတင်းများ လျှို့ဝှက်ပေးပို့ကြပါရန် နှိုးဆော်ထားကြောင်း သိရပါသည်။

#PAN