အကြမ်းဖက် PDF များ၏ သတင်းများကို တာဝန်သိပြည်သူများ၏ ပေးပို့မှုအရ နယ်မြေလုံခြုံရေးအဖွဲ့များက ကသာမြို့နယ်အတွင်း လိုက်လံရှင်းလင်း၊အကြမ်းဖက်သမား ၆ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိ

စက်တင်ဘာ ၁၈

       စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်လိုကြသော ဒေသခံပြည်သူများက အကြမ်းဖက် PDF များ၏ အကြမ်းဖက်လုပ်ရပ်များကို မနှစ်မြို့၊ လက်မခံကြတော့သဖြင့် ၎င်းတို့၏ သတင်းများကို နီးစပ်ရာ လုံခြုံရေးအဖွဲ့များသို့ လျှို့ဝှက်ပေးပို့လာကြရာ နယ်မြေလုံခြုံရေးအဖွဲ့များက လိုက်လံရှင်း လင်း နှိမ်နင်းလျှက်ရှိပါသည်။

       ကသာမြို့နယ်၊တုတ်ကြီးကျေးရွာ၌ အခြေ ပြု၍ အကြမ်းဖက်သမား PDF များက ဆက် ကြေးကောက်၊ ဓားပြတိုက်နေကြောင်းနှင့် နေအိမ်များအား မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများ၏ သတင်းပို့လာသည့်အတွက် တပ်မ တော်စစ်ကြောင်းများက သွားရောက်ရှင်းလင်းချေမှုန်းခဲ့ရာ အကြမ်းဖက်သမား ၆ ဦးကို ၁၀၇ မမ ဒုံးသီး- ၂လုံး၊ ပစ်ကျင်း- ၁၅ကျင်း၊ ဝါယာကြိုး- ၅၀၀ပေ၊ ဘက်ထရီ- ၃လုံး၊ Drone ဘက် ထရီ- ၆ ခုတို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ပါ သည်။

       အဆိုပါ အကြမ်းဖက် PDF များ၏ မီးရှိ့ဖျက်ဆီးမှုကြောင့် တုတ်ကြီးကျေးရွာရှိ ပြည်သူ့နေအိမ် ၂၀ ခန့် မီးလောင်းပျက်ဆီးသွားကြောင်းသတင်းရရှိပါသည်။

(အဆိုပါဒေသများတွင် Internet မရသဖြင့် ဓာတ်ပုံများ မဖော်ပြနိုင်ကြောင်း အသိပေးအပ်ပါသည်)

#PAN